Browse and download our factsheets in Burmese

What is overactive bladder?

The bladder is a muscle which contracts to empty the bladder when it is full and you are ready to empty. An overactive bladder means the bladder contracts before it is full. It can sometimes contract when you are not ready. You might go to the toilet often and find it hard to hold on until you get there. At times you may leak urine on the way to the toilet.

ပုံမှန်ထက် ပိုအလုပ်လုပ်နေသည့် ဆီးအိမ်ဆိုသည်မှာ အဘယ်နည်း။

ဆီးအိမ်ဆိုသည်မှာ ကြွက်သားတစ်ခုဖြစ်၍ ဆီးအိမ်တွင် ဆီးပြည့်လာပြီး သင် ဆီးသွားရန် အဆင်သင့်ဖြစ်ချိန်တွင် ဆီးထွက်ရန် ကျုံ့ပေးပါသည်။ ပုံမှန်ထက် ပိုအလုပ်လုပ်နေသည့် ဆီးအိမ်သည် ဆီးမပြည့်မီပင် ကျုံ့သွားခြင်းကို ဆိုလိုပါသည်။ ၎င်းမှာ တစ်ခါတစ်ရံ သင် အဆင်သင့်မဖြစ်မီ ကျုံ့သွားနိုင်ပါသည်။ သင့်အနေနှင့် မကြာခဏ ဆီးသွားလိုပြီး အိမ်သာကို ရောက်သည်အထိ ထိန်းထားရန် ခက်ခဲကြောင်း တွေ့ရပါလိမ့်မည်။ တစ်ခါတစ်ရံ သင် အိမ်သာသို့အသွားတွင် ဆီးထွက်သွားနိုင်ပါသည်။

What causes overactive bladder?

Poor bladder control may be due to health problems, such as:

  • stroke.
  • having an enlarged prostate gland.
  • Parkinson’s disease.

An overactive bladder can be due to poor bladder habits over a long time. For some people the cause is unknown.

အဘယ်ကြောင့် ဆီးအိမ်က ပုံမှန်ထက် ပိုအလုပ်လုပ်ရသနည်း။

ဆီးကောင်းစွာ မထိန်းနိုင်ခြင်းသည် အောက်ပါအကြောင်းအရာများကဲ့သို့ ကျန်းမာရေး ချို့ယွင်းမှုများကြောင့် ဖြစ်နိုင်ပါသည် -

  • လေဖြတ်ခြင်း
  • သာမန်ထက် ကြီးနေသောဆီးကျိတ် ရှိခြင်း
  • အာရုံခံမှုခက်ခဲသည့် Parkinson (ပါကင်ဆန်) ရောဂါ ရှိခြင်းတို့ဖြစ်ပါသည်။

ပုံမှန်ထက် ပိုအလုပ်လုပ်နေသည့် ဆီးအိမ်သည် အချိန်ကြာမြင့်စွာကပင် ဖြစ်နေသည့် ဆီးအိမ်ဆိုင်ရာ မကောင်းသော အလေ့အကျင့်များကြောင့် ဖြစ်နိုင်ပါသည်။ အချို့လူများအတွက်မှာမူ ဖြစ်ရခြင်းအကြောင်းရင်းကို မသိရပါ။

What are normal bladder habits?

It is normal to:

  • empty your bladder when you get out of bed in the morning.
  • empty your bladder about 4 to 6 times through the day.
  • empty your bladder before you go to bed at night.

A healthy bladder holds about 1.5 to 2 cups of urine. This is equal to 300 - 400mls. Your bladder holds this much during the day. It holds more during the night, before you feel the need to pass urine.

This pattern may change in older people. Older people may make more urine at night. This means they may have to pass more urine through the night than they do in the day.

ဆီးအိမ်ဆိုင်ရာ ပုံမှန် အလေ့အကျင့်များဆိုသည်မှာ အဘယ်နည်း။

အောက်ဖေါ်ပြပါအချက်များဆိုလျင် ပုံမှန်ဖြစ်ပါသည် -

  • သင် နံနက်အိပ်ရာထသည့်အခါ ဆီးသွားခြင်း
  • တစ်နေ့တာကာလတွင် ဆီး ၄ ကြိမ်မှ ၆ ကြိမ် သွားခြင်း
  • ညဘက် အိပ်ရာမဝင်မီ ဆီးသွားခြင်းတို့ဖြစ်ပါသည်။

ကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီးအိမ်သည် ဆီး ၁.၅ ခွက်မှ ၂ ခွက်အထိ ထိန်းထားနိုင်ပါသည်။ ၎င်းသည် ၃၀ဝ မှ ၄၀ဝ မီလီလီတာနှင့် ညီမျှပါသည်။ နေ့ဘက်ကာလ၌ သင့်ဆီးအိမ်က ဤမျှ ထိန်းထားနိုင်ပါသည်။ ညဘက်တွင်မူ သင် ဆီးသွားလိုစိတ် ဖြစ်မလာမီ ၎င်းထက်ပိုပြီး ထိန်းနိုင်ပါသည်။

အသက်အရွယ်ကြီးသူများအတွက် ဤပုံစံက ပြောင်းလဲနိုင်ပါသည်။ အသက်အရွယ်ကြီးသူများသည် ညဘက်တွင် ဆီးပိုပြီး ထုတ်လုပ်နိုင်ပါသည်။ အဓိပ္ပာယ်မှာ သူတို့သည် နေ့ဘက်မှာထက် ညဘက်မှာ ပို၍ ဆီးသွားနိုင်ခြင်းကို ဆိုလိုပါသည်။

What is bladder training?

The aim of bladder training is to improve symptoms of overactive bladder. Bladder training teaches you how to hold more urine in your bladder without feelings of urgency. Visit your doctor, a continence nurse advisor or continence physiotherapist if you have some problems with bladder control. They could start you on a bladder training program. If you do nothing about your problem, it may get worse.

ဆီးအိမ်နှင့်ပတ်သက်သည့် လေ့ကျင့်ခန်းဆိုသည်မှာ အဘယ်နည်း။

ဆီးအိမ်နှင့်ပတ်သက်သည့် လေ့ကျင့်ခန်း၏ ရည်ရွယ်ချက်မှာ ပုံမှန်ထက် ပိုအလုပ်လုပ်နေသည့် ဆီးအိမ်၏ ရောဂါလက္ခဏာများကို ကောင်းမွန်လာစေရန်အတွက် ဖြစ်ပါသည်။ ဆီးအိမ်နှင့်ပတ်သက်သည့် လေ့ကျင့်ခန်းသည် သင် အရေးတကြီး ဆီးသွားချင်စိတ်မဖြစ်ဘဲ သင့်ဆီးအိမ်ထဲတွင် ဆီးကိုပိုပြီး မည်သို့ထိန်းနိုင်ရန် သင့်အား သင်ကြားပေးပါသည်။ အကယ်၍ သင့်ထံ၌ ဆီးထိန်းနိုင်မှုနှင့်ပတ်သက်ပြီး ပြဿနာများရှိခဲ့လျှင် သင့် ဆရာဝန်၊ ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးတို့နှင့် ဆွေးနွေးပါ။ သူတို့က သင့်အား ဆီးအိမ်နှင့်ပတ်သက်သည့် လေ့ကျင့်ခန်း အစီအစဉ်ကို စပြီး လုပ်ခိုင်းနိုင်ပါသည်။ အကယ်၍ သင့် ပြဿနာနှင့်ပတ်သက်ပြီး မည်သို့မှ မလုပ်ဘဲထားပါက ပို၍ ဆိုးလာနိုင်ပါသည်။

What is in a bladder training program?

You may be asked to keep a bladder diary. You need to keep the diary for at least 3 days. It keeps track of how your bladder works through the day.

The bladder diary keeps track of:

  • the time you go to the toilet.
  • how much urine you pass each time.
  • how strong you felt the urge to empty each time.

The bladder diary may look something like this:

Time Amount passed How strong was the urge to go?
6.30am 250mls 4
8.00am 150mls 3
9.00am 100mls 3
10.20am 150mls 1
12.15pm 100mls 1
1.25pm 200mls 3
2.30pm 200mls 3

ဆီးအိမ်နှင့်ပတ်သက်သည့် လေ့ကျင့်ခန်း အစီအစဉ်၌ မည်သည်များပါဝင်သနည်း။

သင့်အား ဆီးအိမ်နှင့်ပတ်သက်သည့် နေ့စဉ်မှတ်တမ်းရေးရန် ပြောနိုင်ပါသည်။ သင်သည် ထိုနေ့စဉ်မှတ်တမ်းကို အနည်းဆုံး ၃ ရက်အတွက် ရေးထားရန် လိုအပ်ပါမည်။ ၎င်းကို ကြည့်ပြီး သင့်ဆီးအိမ် တစ်နေ့တာတွင် မည်သို့လုပ်ဆောင်နေကြောင်း ပြန်စစ်ကြည့်နိုင်ပါလိမ့်မည်။

ဆီးအိမ်ဆိုင်ရာနေ့စဉ်မှတ်တမ်းတွင် အောက်ဖေါ်ပြပါအချက်များကို ပြန်စစ်ကြည့်နိုင်ပါသည် -

  • သင် အိမ်သာသွားသည့်အချိန်
  • တစ်ခါသွားတိုင်း ဆီးပမာဏ မည်မျှသွားခဲ့ကြောင်း။
  • တစ်ခါဆီးကုန်အောင်သွားတိုင်း ဆီးသွားလိုစိတ် မည်မျှ ပြင်းထန်ခဲ့ကြောင်းတို့ဖြစ်ပါသည်။

ဆီးအိမ်ဆိုင်ရာ နေ့စဉ်မှတ်တမ်းကို အောက်ပါပုံစံအတိုင်း ခပ်ဆင်ဆင် တွေ့နိုင်ပါမည်။

အချိန် သွားသည့် ဆီးပမာဏ ဆီးသွားလိုစိတ်က ဘယ်လောက်ပြင်းခဲ့သလဲ။
နံနက် ၆.၃၀ နာရီ ၂၅၀ မီလီလီတာ
နံနက် ၈.ဝ၀ နာရီ ၁၅၀ မီလီလီတာ
နံနက် ၉.ဝ၀ နာရီ ၁၀ဝ မီလီလီတာ
နံနက် ၁၀.၂၀ နာရီ ၁၅၀ မီလီလီတာ
မွန်းလွဲ ၁၂.၁၅ နာရီ ၁၀ဝ မီလီလီတာ
မွန်းလွဲ ၁.၂၅ နာရီ ၂၀ဝ မီလီလီတာ
မွန်းလွဲ ၂.၃၀ နာရီ ၂၀ဝ မီလီလီတာ

How do I measure the amount of urine passed?

Put a container (like an ice cream container) in the toilet. Now sit on the toilet and relax with your feet on the floor. Pass urine into the container. Then tip the urine into a jug to measure it. Men may want to stand and pass urine directly into a measuring jug.

How do I measure urgency?

This chart shows how to use a number to describe the urge you felt.

0

No urgency.

I felt no need to empty.

I emptied for other reasons.

1

Mild urgency.

I could put it off as long as needed.

I had no fear of wetting myself.

2

Moderate urgency.

I could put it off for a short time.

I had no fear of wetting myself.

3

Severe urgency.

I could not put it off.

I had to rush to the toilet.

I had fear I would wet myself.

4

Urge incontinence.

I leaked before I got to the toilet.

ကျွန်ုပ် သွားခဲ့သည့် ဆီးပမာဏကို မည်သို့ တိုင်းတာမည်နည်း။

အိမ်သာအိုးထဲသို့ (ရေခဲမုန့်ထည့်သည့် ခွက်ကဲ့သို့) ခွက်တစ်ခုကို ထည့်ပါ။ ထို့နောက် သင့်ခြေထောက်ကို ကြမ်းပြင်ပေါ်ထောက်၍ အိမ်သာအိုးပေါ်တွင် သက်သောင့်သက်သာစွာထိုင်ပါ။ ခွက်ထဲသို့ ဆီးသွားလိုက်ပါ။ ၎င်းနောက် ဆီးပမာဏကို တိုင်းရန် တိုင်းတာသည့်ခွက်အတွင်းသို့ စောင်းထည့်ပါ။ အမျိုးသားများအနေနှင့် မတ်တပ်ရပ်ပြီး တိုင်းတာသည့်ခွက်ထဲသို့ တိုက်ရိုက်ပေါက်ထည့်နိုင်ပါသည်။

အရေးပေါ်ဆီးသွားလိုစိတ်ကို မည်ကဲ့သို့ တိုင်းတာမည်နည်း။

ဇယားသည် သင့်ပြင်းပြမှု ခံစားချက်ကို နံပါတ်နှင့် မည်သို့အသုံးပြုဖေါ်ပြနိုင်ကြောင်း ရှင်းပြထားပါသည် -

အလျင်မလို

ကျွန်ုပ် ဆီးသွားရန် လိုအပ်သည်ဟု မခံစားခဲ့ရပါ။

အခြားအကြောင်းများကြောင့် ကျွန်ုပ်ဆီးသွားခဲ့သည်။

အနည်းငယ် ဆီးသွားလိုစိတ်ရှိသည်။

ကျွန်ုပ် လိုအပ်သလောက် အချိန်ဆွဲထားနိုင်ခဲ့သည်။

ဆီးထွက်ကျမည်ကို ကျွန်ုပ် မစိုးရိမ်ခဲ့ပါ။

ဆီးသွားလိုစိတ် အတော်အတန် ရှိသည်။

ကျွန်ုပ် ခဏတာအတွက် အချိန်ဆွဲထားနိုင်ခဲ့သည်။

ဆီးထွက်ကျမည်ကို ကျွန်ုပ် မစိုးရိမ်ခဲ့ပါ။

ဆီးသွားလိုစိတ် ပြင်းထန်သည်။

ကျွန်ုပ် အချိန်ဆွဲမထားနိုင်ခဲ့ပါ။

ကျွန်ုပ် အိမ်သာသို့ အပြေးသွားခဲ့ရသည်။

ဆီးထွက်ကျမှာ ကျွန်ုပ် စိုးရိမ်ခဲ့ရသည်။

ဆီးမထိန်းနိုင်တော့ပါ။

အိမ်သာမရောက်မီ ကျွန်ုပ် ဆီးထွက်သွားခဲ့သည်။

How do I measure leaking using a Pad Weight Test?

This test helps to work out how much urine you leak over a few days. To do this test you will need some accurate scales for weighing. You do this test by:

  1. weighing a dry pad in a plastic bag before you wear the pad,
  2. 1then weighing the wet pad in a plastic bag after you wear it, and
  3. taking the weight of the dry pad away from the weight of the wet pad.

This will show how much you have leaked because each gram equals one ml.

Like this:

Wet pad

400g.

Dry pad

150g.

Weight Difference

250g.

Amount leaked =

250mls.

ဆီးထွက်ကျခြင်းကို ဂွမ်းဖတ် အလေးချိန် စစ်ဆေးမှုကိုသုံး၍ ကျွန်ုပ် မည်သို့တိုင်းတာရမည်နည်း။

ဤစစ်ဆေးမှုသည် သင် ပြီးခဲ့သော ရက်ပိုင်းတွင် ဆီးပမာဏ မည်မျှထွက်ကျခဲ့ကြောင်းကို တိုင်းတာရန် အထောက်အကူပြုပါသည်။ ဤစစ်ဆေးမှုအတွက် တိကျမှန်ကန်သော ချိန်ခွင် လိုအပ်ပါလိမ့်မည်။ ဤစစ်ဆေးချက်ကို ပြုလုပ်ရမည့်နည်းမှာ -

  1. ခြောက်သွေ့သော ဂွမ်းဖတ်တစ်ခုကို မသုံးမီ ပလတ်စတစ်အိတ်တစ်ခုထဲ ထည့်ပြီး အလေးချိန် ချိန်ထားပါ။
  2. သင် သုံးပြီးသည့်အခါတွင် ပလတ်စတစ်အိတ်နှင့်အတူ ဂွမ်းဖတ်ကို အလေးချိန် ချိန်ကြည့်ပါ၊ ထို့နောက်
  3. ပလတ်စတစ်အိတ်အစို၏ အလေးချိန်ထဲမှ ဂွမ်းဖတ်အခြောက်၏ အလေးချိန်ကို နုတ်ပါ။

တစ်ဂရမ်အလေးချိန်သည် တစ်မီလီလီတာ ရှိသည့်အတွက် ဤအလေးချိန်က သင် ဆီး မည်မျှ ထွက်ကျကြောင်း ဖေါ်ပြပါလိမ့်မည်။

ဤသို့တွက်ပါသည် –

ဂွမ်းဖတ်အစို

၄၀ဝ ဂရမ်

ဂွမ်းဖတ်အခြောက်

၁၅၀ ဂရမ်

အလေးချိန် ခြားနားချက်

၂၅၀ ဂရမ်

ထွက်ကျသော ပမာဏ  =

၂၅၀မီလီလီတာ

Who can help with your bladder training program?

A doctor, continence nurse advisor or continence physiotherapist can get the best results for you. They will work out a program to suit you.

Some of these continence health professionals may be in a private practice clinic. Others work in clinics in your local community health service. They also work in public hospital clinics. The National Continence Helpline 1800 33 00 66 can help you find your local continence clinic.

ဆီးအိမ်နှင့်စပ်ဆိုင်ရာ လေ့ကျင့်ခန်း အစီအစဉ်နှင့်ပတ်သက်ပြီး မည်သူတို့က ကူညီနိုင်သနည်း။

ဆရာဝန်၊ ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေး တစ်ဦးဦးက သင့်အတွက် အကောင်းဆုံးရလဒ်များ ရရှိစေနိုင်ပါသည်။ သူတို့က သင်နှင့် အသင့်လျော်ဆုံး အစီအစဉ်ကို ပြုလုပ်ပေးပါလိမ့်မည်။

အချို့ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ ကျန်းမာရေး ပညာရှင်များသည် ပုဂ္ဂလိကဆေးခန်းတွင် ရှိနေနိုင်ပါသည်။ အချို့က သင့် ဒေသခံ လူမှုအဖွဲ့အစည်းဆိုင်ရာ ဆေးခန်းများတွင် အလုပ်လုပ်ကြပါသည်။ သူတို့သည် အစိုးရဆေးရုံ၊ ဆေးခန်းများတွင်လည်း အလုပ်လုပ်ကြပါသည်။ National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) 1800 33 00 66 က သင့် ဒေသခံ ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ ဆေးခန်းကို ရှာဖွေပေးရန် ကူညီပေးပါလိမ့်မည်။

How long will it take?

Most bladder training programs take about 3 months. You may have regular meetings with your continence nurse advisor or continence physiotherapist. They will teach you ways to hold on for longer. This will mean you can hold more urine in your bladder.

၎င်းသည် မည်မျှကြာမည်နည်း။

ဆီးအိမ်ဆိုင်ရာ လေ့ကျင့်ခန်းအများစုကို လုပ်ရာ၌ ၃ လ ခန့် ကြာမြင့်တတ်ပါသည်။ သင့်အနေနှင့် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေး သို့မဟုတ် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို)နှင့် ပုံမှန် တွေ့ဆုံဆွေးနွေးရခြင်းများ ရှိနိုင်ပါသည်။ သူတို့က ဆီးကို ကြာကြာ ထိန်းထားနိုင်စေမည့် နည်းလမ်းများကို သင်ကြားပေးပါလိမ့်မည်။ ဤနည်းများနှင့် သင့်ဆီးအိမ်ထဲတွင် ဆီးပိုမိုထိန်းနိုင်လိမ့်မည်ကို ဆိုလိုပါသည်။

Some helpful things you will learn from the program

Pelvic Floor Muscle Training

The continence physiotherapist or continence nurse advisor will teach you how to use your pelvic floor muscles. These muscles support your bladder and urethra. The urethra is the tube that carries urine from the bladder to the outside. Strong pelvic floor muscles help to hold back the strong urge to pass urine. This will help you hold on until you reach the toilet.

Good Bladder Habits

It is normal to consume between 1.5 - 2 litres of fluid per day unless your doctor says this is not okay. This way your bladder will slowly learn to stretch to hold more urine. You need to keep track of how much you drink each day. To do this you will need to know how much your cup or mug holds. Cups can hold from 120 to 180mls whereas mugs can hold 280 to 300mls or more.

Avoid drinking fizzy drinks or drinks with caffeine. These can upset the bladder and make it harder for you to hold on. There is some caffeine in chocolate, tea and coffee. There is more caffeine in cola and sports drinks. It is best to avoid drinking these.

You will learn which drinks to choose so your bladder will not be upset.

Good Bowel Habits

You will also learn how constipation and straining to pass a bowel motion can stretch your pelvic floor muscles. Avoid constipation as this also causes poor bladder control. Eat at least 2 pieces of fruit and 5 serves of vegetables daily. Eat high fibre bread as well.

လေ့ကျင့်ခန်း အစီအစဉ်မှ သင် တတ်မြောက်လိမ့်မည့် အချို့သော အကူအညီရစရာ အချက်များ

တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်း

ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးတို့က သင့် တင်ပါးဆုံခွက်ကြွက်သားများအား မည်သို့ အသုံးပြုရမည်ကို သင်ကြားပေးပါလိမ့်မည်။ ဤကြွက်သားများက သင့်ဆီးအိမ်နှင့်ဆီးပြွန်ကို ထောက်ပင့်ပေးပါသည်။ ဆီးပြွန်သည် ဆီးအိမ်မှ ဆီးများကို ပြင်ပသို့ သယ်ပို့ပေးသည့်ပြွန် ဖြစ်ပါသည်။ အားကောင်းသည့် တင်ပါးဆုံခွက်ကြွက်သားများသည် ပြင်းပြစွာ ဆီးသွားလိုစိတ်ကို ထိန်းနိုင်ရန် အထောက်အကူပြုပေးပါသည်။ ဤသို့အားဖြင့် သင် အိမ်သာကိုရောက်သည့်အထိ ထိန်းထားနိုင်ရန် အထောက်အကူဖြစ်စေပါလိမ့်မည်။

ဆီးအိမ်ဆိုင်ရာ ကောင်းမွန်သော အလေ့အကျင့်များ

သင့်ဆရာဝန်က မလုပ်နှင့်လို့ မပြောသမျှ တစ်နေ့တာတွင် အရည် ၁.၅ မှ ၂ လီတာအထိ သောက်သုံးခြင်းသည် ပုံမှန် သဘာဝကျပါသည်။ ဤနည်းနှင့် သင့်ဆီးအိမ်သည် ဆီး ပိုထိန်းနိုင်စေရန်အတွက် တစ်ဖြည်းဖြည်း ဆန့်ထွက်လာပါလိမ့်မည်။ သင့်အနေနှင့် နေ့စဉ် တစ်နေ့တာတွင် သင်မည်မျှသောက်ခဲ့ကြောင်းကို ဂရုစိုက်ကြည့်နေရပါမည်။ ဤသို့သိရှိရန်အတွက် သင်၏ ခွက်သို့မဟုတ် မတ်ခွက်သည် မည်မျှဆန့်ကြောင်း သိရန်လိုအပ်ပါသည်။ သာမန်ခွက်များမှာ ၁၂၀ မှ ၁၈၀ မီလီလီတာအထိ ဆန့်ကြပြီး မတ်ခွက်များမှာ ၂၈၀ မှ ၃၀ဝ မီလီလီတာအထိ ဆန့်ကြပါသည်။

အမြှုပ်ထသည့်အရည်များနှင့် ကာဖိန်းဓာတ်ပါသည့် အရည်များကို ရှောင်ပါ။ ၎င်းတို့က သင့်ဆီးအိမ်ကို ဒုက္ခပေးနိုင်ပြီး သင်ဆီးထိန်းနိုင်ရန် ပို၍ခက်ခဲစေနိုင်ပါသည်။ ချော့ကလက်၊ လက်ဖက်ရည်နှင့် ကော်ဖီတို့ထဲတွင် ကာဖိန်းဓာတ် အချို့ပါဝင်ပါသည်။ ကိုလာနှင့် အားကစားသမားများသောက်သည့် အရည်များတွင် ကာဖိန်းဓာတ်ပို၍ပါဝင်သည်။ ၎င်းတို့ကို ရှောင်ရှားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

သင့်ဆီးအိမ် ဒုက္ခ မဖြစ်စေရန် သင် မည်ကဲ့သို့သောအရည်မျိုး သောက်ရမည်ကို သင် တတ်သိလာပါလိမ့်မည်။

ဝမ်းနှင့်ဆိုင်ရာ ကောင်းသော အလေ့အကျင့်များ

သင့်အနေနှင့် ဝမ်းချုပ်ခြင်းနှင့် ဝမ်းသွားရန်အတွက် ညှစ်ရခြင်းတို့က သင့်တင်ပါးဆုံခွက်ကို မည်သို့ ဆန့်ထုတ်နိုင်ကြောင်းကိုလည်း သိလာပါလိမ့်မည်။ ဝမ်းချုပ်ခြင်းသည် ဆီးထိန်းနိုင်မှုကိုလည်း ညံ့ဖျင်းစေသည့်အတွက် ၎င်းကို ရှောင်ရှားပါ။ နေ့စဉ် အနည်းဆုံး သစ်သီး ၂ လုံးနှင့် ဟင်းသီးဟင်းရွက် ၅ ပုံစားပါ။ အမျှင်ဓာတ်များများပါသည့် ပေါင်မုန့်ကိုလည်း စားပါ။

Will there be setbacks?

Do not be worried by small day to day changes in your bladder control. These are normal. Anyone on a bladder training program can have setbacks, when your symptoms may seem worse. This may happen when:

  • you have a bladder infection (see your doctor right away).
  • you are tired or run down.
  • you are worried or stressed.
  • the weather is wet, windy or cold.
  • you are ill (such as a cold or the flu).
  • you are a menstruating woman.

If set-backs do happen, do not lose heart. Stay positive and keep trying.

ဆုတ်ဆိုင်းမှုတွေ

သင့် ဆီးထိန်းနိုင်မှုတွင် နေ့စဉ် အပြောင်းအလဲလေးများရှိသည်ကို စိတ်မပူပါနှင့်။ ၎င်းသည် ပုံမှန် ဖြစ်ရိုးဖြစ်စဥဖြစ်ပါသည်။ မည်သူမဆို ဆီးအိမ်ထိန်းသိမ်းမှု လေ့ကျင့်ခန်း အစီအစဉ်လုပ်ဆောင်နေစဉ် ရောဂါလက္ခဏာမှာ ပိုဆိုးလာသည်ဟု ထင်ရသောအခါ ဆုတ်ဆိုင်းမှုရှိတတ်ကြပါသည်။ ဤသို့ဖြစ်လာနိုင်ကောင်းသော အကြောင်းများမှာ -

  • သင့် ဆီးအိမ်၌ ရောဂါပိုးဝင်ခြင်း (သင့်ဆရာဝန်နှင့် ချက်ခြင်းတွေ့ပါ။)
  • သင် ပင်ပန်းနွမ်းနယ်နေခြင်း သို့မဟုတ် အားအင်ကုန်ခမ်းနေခြင်း
  • သင် စိတ်ပူပန်နေခြင်း သို့မဟုတ် စိတ်ဖိစည်းမှု ရှိနေခြင်း
  • ရာသီဥတု စိုစွတ်ခြင်း၊ လေထန်ခြင်း သို့မဟုတ် အေးနေခြင်း
  • သင် နေမကောင်းဖြစ်နေခြင်း (ဥပမာ အအေးမိခြင်း သို့မဟုတ် တုပ်ကွေးဖြစ်နေခြင်း)
  • သင်သည် ဓမ္မတာလာနေသော အမျိုးသမီးဖြစ်နေခြင်းတို့ဖြစ်ပါသည်။

အကယ်၍ ဆုတ်ဆိုင်းမှုများ ဖြစ်ခဲ့လျှင် စိတ်မလျှော့ပါနှင့်။ အကောင်းမြင်တတ်ပြီး ဆက်ကြိုးစားနေပါ။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 30, Jul 2021
Last Reviewed: Tue 17, Mar 2020