Browse and download our factsheets in Burmese

What is bed-wetting?

Bedwetting, also known as nocturnal enuresis, is when a child of 5 or older empties their bladder while they are asleep. This can happen every so often, or every night.

Bedwetting is common. About 1 in every 5 children in Australia wets the bed. Bedwetting can run in families. It is more common in boys than girls before the age of 9. It can be upsetting for the child and stressful for the whole family. The good news is that you can get help.

အိပ်ရာထဲ၌ ဆီးထွက်ခြင်းဆိုသည်မှာ အဘယ်နည်း။

Nocturnal enuresis ဟုလည်းခေါ်ကြသည့် အိပ်ရာထဲ၌ ဆီးထွက်ခြင်းသည် အသက် ၅ နှစ်နှင့်အထက် ကလေးများ သူတို့အိပ်ပျော်နေစဉ် ဆီးထွက်သွားခြင်းကို ဆိုလိုပါသည်။ ၎င်းသည် မကြာခဏဖြစ်နိုင်သလို ညစဉ်လည်း ဖြစ်နိုင်ပါသည်။

အိပ်ရာထဲ ဆီးထွက်ခြင်းသည် ဖြစ်လေ့ဖြစ်ထ ရှိပါသည်။ ဩစတြေးလျားနိုင်ငံတွင် ကလေး ၅ ယောက် အနက် ၁ ယောက် အိပ်ရာထဲ ဆီးထွက်ကြပါသည်။ အိပ်ရာထဲ ဆီးထွက်ခြင်းသည် မျိုးရိုးလိုက်တတ်ပါသည်။ အသက် ၉ နှစ်မတိုင်မီ ယောက်ျားလေးများသည် မိန်းကလေးများထက် ပိုပြီးအဖြစ်များပါသည်။ ၎င်းသည် ကလေးအတွက် စိတ်ပျက်ဝမ်းနည်းစရာဖြစ်ပြီး မိသားစု တစ်ခုလုံးအတွက် စိတ်ညစ်စရာဖြစ်ပါသည်။ စိတ်ချမ်းသာစရာ သတင်းမှာ သင်တို့ အကူအညီရနိုင်ခြင်းဖြစ်ပါသည်။

What causes bed-wetting?

Wetting the bed is caused by a mix of three things:

  1. the body making a large amount of urine through the night.
  2. a bladder that can only store a small amount of urine at night.
  3. not being able to fully wake up from sleep.

Children who wet the bed are not lazy or being naughty. Some illnesses are linked with bedwetting. But most children who wet the bed do not have major health problems.

Daytime control of the bladder comes before night-time dryness. Most children are dry through the day by 3 and dry at night by school age. Any child may still wet every now and then, day or night, up until they are 7 or 8.

အိပ်ရာထဲ ဆီးထွက်ခြင်း မည်သည့်အတွက်ကြောင့် ဖြစ်ရသနည်း။

အိပ်ရာထဲ ဆီးထွက်ခြင်းသည် အကြောင်းသုံးမျိုး တိုက်ဆိုင်စုစည်းပြီး ဖြစ်ပါသည်။

  1. ခန္ဓာကိုယ်က ညဘက်တွင် ဆီး များစွာ ထုတ်လုပ်ခြင်း
  2. ညဘက်၌ ဆီးအနည်းငယ်သာ သိုလှောင်နိုင်သည့် ဆီးအိမ်ရှိနေခြင်း
  3. အိပ်ပျော်နေစဉ် ပြည့်ပြည့်ဝဝ မနိုးနိုင်ခြင်း တို့ဖြစ်ပါသည်။

အိပ်ရာထဲ ဆီးထွက်သည့် ကလေးများသည် ပျင်းခြင်းကြောင့် သို့မဟုတ် ဆိုးခြင်းကြောင့် မဟုတ်ပါ။ အချို့ ရောဂါများသည် အိပ်ရာထဲ ဆီးထွက်ခြင်းနှင့် ဆက်စပ်နေတတ်ပါသည်။ သို့သော် ဤသို့ အိပ်ရာထဲ ဆီးထွက်သည့်ကလေး အများစုမှာ ကျန်းမာရေးဆိုင်ရာ ချွတ်ယွင်းမှု ကြီးကျယ်စွာ မရှိကြပါ။

နေ့ဘက်တွင် ဆီးထိန်းနိုင်မှုကို ညဘက်တွင် ဆီးမစိုအောင် နေနိုင်မှုထက် ပိုစောပြီး လုပ်နိုင်စွမ်းရှိပါသည်။ ကလေးအများစုသည် အသက် ၃ နှစ်တွင် နေ့ဘက်ကို မတော်တဆ ဆီးထွက်မကျတော့ဘဲ ကျောင်းနေသည့်အရွယ်တွင် ညဘက်ကို မတော်တဆ ဆီးမထွက်ကျတတ်တော့ပါ။ မည်သည့်ကလေးမဆို သူတို့ အသက် ၇ နှစ် သို့မဟုတ် ၈ နှစ်အထိ နေ့ဘက်ဖြစ်စေ၊ ညဘက်ဖြစ်စေ၊ မကြာခဏ မတော်တဆ ဆီးထွက်ကျတတ်ခြင်း ဖြစ်နိုင်ဆဲ ဖြစ်ပါသည်။

What can parents do?

  • Seek help from a health professional with special training in children’s bladder problems, such as a doctor, continence physiotherapist or continence nurse advisor.
  • Make sure there is enough light at night. This makes it easy to get to the toilet.
  • Watch for constipation as this can make bladder problems worse. Seek medical help if constipation is an ongoing problem.
  • If your child is using a bedwetting alarm, you can help by:
    • getting up when it goes off.
    • waking them up.
    • helping them change their clothes or sheets.
  • Attend review appointments with your continence professional.

There are some things which do not help:

  • do not punish for wet beds.
  • do not shame the child in front of friends or family.
  • do not lift the child at night to toilet them. This may cut down on some wet beds but it does not help the child learn to be dry.
  • do not try to fix bedwetting at a stressful time.

မိဘများအနေနှင့် မည်သည့်အရာများ လုပ်ပေးနိုင်သနည်း။

  • ဆရာဝန်၊ ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးတို့ကဲ့သို့ ကလေးသူငယ် ဆီးအိမ်ဆိုင်ရာ ပြဿနာများအတွက် အထူးကျွမ်းကျင်သူသင်တန်း တက်ထားသည့် ကျန်းမာရေးဆိုင်ရာ ပညာရှင်နှင့်များထံမှ အကူအညီ ရယူပါ။
  • ညဘက်တွင် လုံလောက်သည့် အလင်းရောင်ရှိပါစေ။ ၎င်းသည် အိမ်သာကို လွယ်ကူစွာ သွားနိုင်စေပါသည်။
  • ဝမ်းချုပ်လျှင် ဆီးထိန်းနိုင်မှုပြဿနာကို ပိုဆိုးစေသည့်အတွက် ဝမ်းချုပ်၊ မချုပ်ကို ဂရုစိုက်ကြည့်ပါ။ ဝမ်းသည် ဆက်တိုက်ချုပ်နေပါက ကျန်းမာရေးဆိုင်ရာ အကူအညီ ရယူပါ။
  • အကယ်၍ သင့်ကလေးသည် အိပ်ရာထဲတွင် ဆီးထွက်ခြင်းနှင့်ဆိုင်ရာ သတိပေးကိရိယာ အသုံးပြုလျှင် သင့်အနေနှင့် အောက်ပါများအရ ကူညီနိုင်ပါသည်။
    • သတိပေးကိရိယာ အသံမြည်သည်နှင့် သင်အိပ်ရာမှ ထခြင်း။
    • သူတို့ကို နှိုးခြင်း
    • သူတို့အဝတ်အစား သို့မဟုတ် အိပ်ရာခင်း လဲလှယ်ရာတွင် ကူညီပေးခြင်း
  • သင့် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ ပညာရှင်နှင့် ပြန်လည်စိစစ်ရန် ရက်ချိန်းကို သွားပါ။

သင့်အတွက် အကျိုးယုတ်စေနိုင်သည် အချို့အရာများရှိပါသည် - ၎င်းတို့မှာ

  • အိပ်ရာများစိုနေသဖြင့် ကလေးကို အပြစ်မပေးပါနှင့်။
  • ကလေးကို မိတ်ဆွေများ သို့မဟုတ် မိသားစုရှေ့တွင် အရှက်မခွဲပါနှင့်။
  • ညဘက်၌ ကလေး အိမ်သာသွားရန် ချီမသွားပါနှင့်။ ၎င်းသည် အိပ်ရာစိုခြင်း တစ်ချို့တစ်ဝက်ကို လျှော့ချပေးနိုင်မည်ဖြစ်သော်လည်း ကလေးက ခြောက်သွေ့အောင်နေတတ်ဖို့ သင်ယူရာတွင် အထောက်အကူမပြုပါ။
  • စိတ်ပင်ပန်းနွမ်းနယ်နေသည့်အချိန်တွင် ဤပြဿနာကို ဖြေရှင်းရန် မကြိုးစားပါနှင့်။

When should you seek help for bed-wetting?

It is best to seek help from a health professional with special training in children’s bladder problems. This might be your doctor, a continence physiotherapist or a continence nurse advisor. They can help children with their bedwetting from when the child is about 6. Before this time, treatment may not be helpful.

However it is wise to seek help sooner, if the child:

  • who has been dry suddenly starts wetting at night.
  • is wetting a lot after starting at school.
  • is bothered, upset or angry because of bedwetting.
  • wets or races to the toilet during the day.

Any child who is toilet trained and starts new daytime wetting should see a doctor. If the child has daytime symptoms as well as bedwetting, these will be treated before the bedwetting.

Many children do stop wetting in their own time with no help. After age 8 or 9, if the child is still wetting often, the problem usually does not get better by itself.

အိပ်ရာထဲတွင် ဆီးထွက်ခြင်းနှင့် ပတ်သက်၍ သင် မည်သည့်အချိန်တွင် အကူအညီရယူသင့်သနည်း။

ကလေးများ၏ ဆီးနှင့်ဆိုင်ရာပြဿနာများအတွက် အထူးလေ့ကျင့်သင်ကြားထားသည့် ကျန်းမာရေးဆိုင်ရာ ပညာရှင်ထံမှ အကူအညီရယူခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သူသည် ဆရာဝန်၊ ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေး တစ်ဦးဦး ဖြစ်နိုင်ပါသည်။ သူတို့က ကလေး ၆ နှစ်လောက် အရွယ်မှစပြီး ဆီးထွက်ကျတတ်သည့် ကလေးများကို အကူအညီပေးနိုင်ပါသည်။ ဤအချိန်အရွယ်မတိုင်မီတွင် ကုသပေးပါက အကျိုးမရှိပါ။

မည်သို့ပင်ဖြစ်စေ အကယ်၍ ကလေး၌ အောက်ဖေါ်ပြပါအချက်တစ်ခုခု ဖြစ်နေခဲ့ပါက အကူအညီ စောစီးစွာရယူရန် အကြံပြုလိုပါသည်။

  • အိပ်ရာထဲတွင် ဆီးမထွက်တတ်သည့်ကလေးသည် ရုတ်တရက် စပြီး အိပ်ရာထဲတွင် ဆီးထွက်လာခဲ့လျှင်
  • ကျောင်း စတက်ပြီး များမကြာမီတွင် အိပ်ရာထဲ၌ ဆီးထွက်သည့်အကြိမ် အလွန်များလာလျှင်
  • အိပ်ရာထဲ၌ ဆီးထွက်ခြင်းကြောင့် စိတ်ပူပန်ခြင်း၊ စိတ်ညစ်ခြင်း သို့မဟုတ် စိတ်ဆိုးခြင်းဖြစ်လာလျှင်
  • နေ့အချိန်၌ ဆီးထွက်ခြင်း သို့မဟုတ် အိမ်သာကို အပြေးအလွှား သွားနေရခြင်း ဖြစ်လာလျှင်တို့ဖြစ်ပါသည်။

မည်သည့်ကလေးမဆို အိမ်သာသွားတတ်ရန် သင်ပေးထားပြီးသော်လည်း နေ့ဘက်၌ ဆီးထွက်ကျခြင်း အသစ်အဆန်း ဖြစ်လာလျှင် ဆရာဝန်ကို တွေ့သင့်ပါသည်။ အကယ်၍ ကလေးသည် နေ့ဘက်၌ ဆီးထွက်တတ်လာပြီး ညဘက်တွင်ပါ အိပ်ရာထဲ၌ ဆီးထွက်သည့် လက္ခဏာပါ ရှိနေခဲ့လျှင် အိပ်ရာထဲ၌ ဆီးထွက်ခြင်းကို မကုသမီ နေ့ဘက်ဆီးထွက်ခြင်းကို ရှေးဦးစွာ ကုသပေးရပါလိမ့်မည်။

ကလေးအများစုသည် မည်သူ့ အကူအညီမှမပါဘဲ မိမိတို့အချိန်ကျလာလျှင် အိပ်ရာထဲ၌ ဆီးထွက်ခြင်း အလိုအလျောက် ရပ်သွားကြပါသည်။ အသက် ၈ နှစ် သို့မဟုတ် ၉ နှစ်ကျော်ပြီးနောက်ပိုင်း အကယ်၍ အိပ်ရာထဲ၌ ဆီးထွက်မှု ဆက်လက်ဖြစ်နေသေးပါက ပုံမှန်အားဖြင့် မိမိဘာသာ မပျောက်ကင်းတော့ပါ။

Can bladder control through the day be a problem?

Some children who wet the bed at night also have problems with how their bladder works during the day.

They may:

  • go to the toilet too often.
  • not go to the toilet often enough.
  • need to rush to the toilet in a hurry.
  • have damp underwear.
  • have trouble emptying out all the urine from their bladder.
  • have bowel problems, including constipation.

နေ့ဘက်၌ ဆီးအိမ်ထိန်းခြင်းသည် ပြဿနာဖြစ်နိုင်ပါသလား။

ညဘက် အိပ်ရာထဲ၌ ဆီးထွက်သည့်ကလေးတချို့သည် သူတို့၏ ဆီးအိမ် နေ့ဘက်တွင် အလုပ်လုပ်ပုံနှင့်ပတ်သက်၍လည်း ပြဿနာရှိတတ်ကြပါသည်။

သူတို့သည် -

  • အိမ်သာကို ခဏခဏသွားကြသည်။
  • အိမ်သာကို လိုအပ်သလောက် မကြာခဏ မသွားကြပါ။
  • အိမ်သာကို အလောတကြီး အမြန်သွားရန် လိုအပ်ကြသည်။
  • စိုထိုင်းသည့် အတွင်းခံဘောင်းဘီ ရှိကြသည်။
  • သူတို့ဆီးအိမ်မှ ဆီးကို ကုန်စင်အောင် စွန့်ထုတ်ရန် အခက်အခဲ ရှိတတ်ကြသည်။
  • ဝမ်းချုပ်ခြင်းအပါအဝင် ဝမ်းနှင့်ပတ်သက်သည့် ပြဿနာများ ရှိကြသည်။

What else can be done for bedwetting?

There are many ways to treat bedwetting. A health professional may begin by checking the child for any physical causes. They will also check how their bladder works through the day.

Bedwetting alarms

These alarms are set to go off when the child’s bed or underwear is wet. Alarm treatment can still help, even if it was tried before and did not work. Sometimes alarm treatment is used with medicines as well.

Medicines

Some medicines help the bladder store more urine. Others reduce how much urine is produced overnight. One or more medicines can be used. Sometimes medicines are used with a bedwetting alarm. It may help to use medicines just for special times such as a sleep over. In some cases medicines are needed for some time.

အိပ်ရာထဲတွင် ဆီးထွက်ခြင်းနှင့်ပတ်သက်ပြီး မည်သည်တို့ကို လုပ်နိုင်သေးသနည်း။

အိပ်ရာထဲတွင် ဆီးထွက်ခြင်းကို ကုသရန် နည်းလမ်းများစွာ ရှိပါသည်။ ကျန်းမာရေးဆိုင်ရာ ပညာရှင်က ကလေးကို ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မည်သည့်အကြောင်းကြောင့်ဖြစ်ကြောင်းကို စတင် စစ်ဆေးလေ့လာ ပါလိမ့်မည်။ သူတို့သည် ကလေးများ၏ နေ့ဘက်တွင် ဆီးအိမ် မည်သို့ အလုပ်လုပ်ကြောင်းကိုလည်း စစ်ဆေးပါလိမ့်မည်။

အိပ်ရာထဲတွင် ဆီးထွက်ခြင်းကို အသိပေးသည့် ကိရိယာများ

ဤအချက်ပေးကိရိယာများသည် ကလေး၏ ကုတင် သို့မဟုတ် အတွင်းခံ စိုနေလျှင် အသံမြည်စေရန် တပ်ဆင်ထားပါသည်။ ဤအချက်ပေး ကိရိယာများသည် ယခင်က အသုံးပြုပြီး မအောင်မြင်ခဲ့သည်တိုင် အထောက်အကူပြုနိုင်ပါသေးသည်။ တစ်ခါတစ်ရံတွင် အချက်ပေးကိရိယာကုထုံးကို ဆေးဝါးများနှင့်တွဲ၍ အသုံးပြုကြပါသည်။

ဆေးဝါးများ

အချို့ဆေးဝါးများသည် ဆီးအိမ်တွင် ဆီးကို ပိုမို သိုလှောင်နိုင်စေရန် အထောက်အကူပြုပါသည်။ အချို့ဆေးသည် ညဘက်တွင် ဆီးထုတ်လုပ်ခြင်းကို လျော့နည်းစေပါသည်။ ဆေးတစ်မျိုး သို့မဟုတ် တစ်မျိုးမက သုံးစွဲနိုင်ပါသည်။ တစ်ခါတစ်ရံ ဆေးများကို အိပ်နေစဉ် ဆီးထွက်ခြင်းကို အသိပေးသည့် ကိရိယာနှင့်တွဲ၍ သုံးကြပါသည်။ ဆေးများကို သူတစ်ပါးအိမ်၌ သွားအိပ်သည့်အခါများကဲ့သို့ အထူးအခြေအနေများတွင် အသုံးပြုရန် အထောက်အကူ ဖြစ်စေပါသည်။ အချို့အခြေအနေများ၌ ဆေးဝါးများကို အချိန်အတော်ကြာ အသုံးပြုရန် လိုအပ်ပါသည်။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • health.gov.au/bladder-bowel

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 30, Jul 2021
Last Reviewed: Tue 17, Mar 2020