Browse and download our factsheets in Burmese

This brochure is to help you get ready for a bladder control check up.

A bladder control check up includes some questions and a physical check by a doctor or trained health professional. The check up will help find any bladder control problems you have and their causes. The check up may also help to plan the best way to manage these problems. A bladder check up is painless.

ဤစာစောင်သည် သင့်ဆီးထိန်းနိုင်မှုကို စစ်ဆေးဖို့ ပြင်ဆင်ရန်အတွက် အထောက်အကူပြုပါလိမ့်မည်။

သင့်ဆီးအိမ်ထိန်းနိုင်မှုကို စစ်ဆေးခြင်းမှာ ဆရာဝန် သို့မဟုတ် လေ့ကျင့်သင်ကြားထားသည့် ပညာရှင်တစ်ဦးက မေးခွန်းအချို့မေးပြီး ခန္ဓာကိုယ်ကို စစ်ဆေးခြင်း ပါဝင်ပါသည်။ ဤစစ်ဆေးမှုက သင့်မှာရှိနေသည့် ဆီးအိမ်ထိန်းနိုင်မှု ပြဿနာများနှင့်၊ ၎င်းသည် မည်သည့်အတွက်ကြောင့် ဖြစ်ရခြင်း ဆိုသည်ကို ရှာဖွေတွေ့ရှိရန် အထောက်အကူဖြစ်စေပါလိမ့်မည်။ စစ်ဆေးမှုက ဤပြဿနာများကို မည်သည့်နည်းနှင့် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မည်ဆိုသည်ကို စီစဉ်ရန်လည်း အကူအညီပေးပါလိမ့်မည်။ ဆီးအိမ်စစ်ဆေးမှုသည် နာကျင်ခြင်းမရှိပါ။

What are your choices?

Every person has a right to a private and personal check up. Your needs and wishes should be respected. People also have a right to say ‘no’ to the check up or to any other care.

Choices you have may include:

  • you may prefer a man or a woman to do your check up. Ask for this when you make your appointment.
  • an interpreter may be available for you. The interpreter could be a man or a woman if you prefer. Check with your health service.
  • you can take a family member or friend with you. This might help you feel better about the check up.

သင့်မှာ ရွေးချယ်နိုင်သည့်နည်းလမ်း ဘာတွေရှိသနည်း။

လူတိုင်းတွင် တစ်ဦးခြင်း လျှို့ဝှက်လုံခြုံစွာနှင့် သီးသီးသန့်သန့် မိမိ၏ ကျန်းမာရေး စစ်ဆေး ခံယူရန် အခွင့်အရေး ရှိပါသည်။ သင့် လိုအပ်ချက်များနှင့် သင့်ဆန္ဒများကို လေးစားရမည် ဖြစ်ပါသည်။ လူများမှာ ဤစစ်ဆေးမှု သို့မဟုတ် မည်သည့်ပြုစုစောင့်ရှောက်မှုမျိုးကိုမဆို ‘မခံယူလိုပါ’ ဟု ငြင်းဆိုပိုင်ခွင့်လည်း ရှိကြပါသည်။ သင် ရွေးချယ်စရာနည်းလမ်းများမှာ ပါဝင်နိုင်သည်တို့မှာ -

  • သင့်ကို အမျိုးသား သို့မဟုတ် အမျိုးသမီး၊ မည်သူစစ်ဆေးပေးခြင်းကို ခံယူလိုသည်ဟု ရွေးချယ်နိုင်ပါသည်။ ၎င်းကို သင် ရက်ချိန်းတောင်းသည်အခါမှာ ပြောပြပါ။
  • သင့်အတွက် စကားပြန် ရနိုင်ပါသည်။ သင်ရွေးချယ်လျှင် အမျိုးသား သို့မဟုတ် အမျိုးသမီး စကားပြန် ဖြစ်နိုင်ပါသည်။ သင့်ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့အစည်းထံမှာ မေးမြန်းကြည့်ပါ။
  • သင်နှင့်အတူ သင့်မိသားစုဝင် သို့မဟုတ် မိတ်ဆွေကို ခေါ်သွားနိုင်ပါသည်။ သို့မှသာ သင် စစ်ဆေးခံရာတွင် စိတ်သက်သာမှုရစေမည် ဖြစ်ပါသည်။

What do you need to do before the check up?

You may be asked to keep a bladder diary. You need to keep the diary for at least 3 days. It keeps track of how your bladder works through the day.

The bladder diary may look like this:

TimeAmount passedHow strong was the urge to go?
6.30am250mls4
8.00am150mls3
9.00am100mls3
10.20am150mls1
12.15pm100mls1
1.25pm200mls3
2.30pm200mls3

The bladder diary keeps track of:

  • the time you go to the toilet.
  • how much urine you pass each time.
  • how strong you felt the urge to empty each time.

စစ်ဆေးမှုမတိုင်မီမှာ သင် ဘာလုပ်ဖို့ လိုအပ်သနည်း။

သင့်ကို ဆီးသွားခြင်းနှင့်ပတ်သက်သည့် နေ့စဉ်မှတ်တမ်းရေးရန် ပြောနိုင်ပါသည်။ သင်သည် ထိုနေ့စဉ်မှတ်တမ်းကို စစ်ဆေးမှုမတိုင်မီ ၃ ရက်မှစ၍ ရေးထားရန် လိုအပ်ပါမည်။ သို့မှသာ သင့်ဆီးအိမ် တစ်နေ့တာတွင် မည်ကဲ့သို့လုပ်ဆောင်နေသည်ကို ပြန်စစ်ကြည့်နိုင်ပါလိမ့်မည်။

ဆီးအိမ်ဆိုင်ရာ နေ့စဉ်မှတ်တမ်းသည် အောက်ပါပုံစံအတိုင်းဖြစ်နိုင်ပါမည်။

အချိန်သွားသည့် ဆီးပမာဏဆီးသွားလိုစိတ်သည် မည်မျှပြင်းခဲ့သနည်း။
နံနက် ၆.၃၀ နာရီ၂၅၀ မီလီလီတာ
နံနက် ၈.ဝ၀ နာရီ၁၅၀ မီလီလီတာ
နံနက် ၉.ဝ၀ နာရီ၁၀ဝ မီလီလီတာ
နံနက် ၁၀.၂၀ နာရီ၁၅၀ မီလီလီတာ
မွန်းလွဲ ၁၂.၁၅ နာရီ၁၀ဝ မီလီလီတာ
မွန်းလွဲ ၁.၂၅ နာရီ၂၀ဝ မီလီလီတာ
မွန်းလွဲ ၂.၃၀ နာရီ၂၀ဝ မီလီလီတာ

ဆီးအိမ်ဆိုင်ရာနေ့စဉ်မှတ်တမ်းတွင် အောက်ဖေါ်ပြပါအချက်များကို ပြန်စစ်ကြည့်နိုင်ပါသည်-

  • သင် အိမ်သာသွားသည့်အချိန်
  • တစ်ကြိမ်သွားတိုင်း ဆီးပမာဏ မည်မျှသွားခဲ့ကြောင်း။
  • တစ်ကြိမ်ဆီးကုန်အောင်သွားတိုင်း ဆီးသွားလိုစိတ် မည်မျှ ပြင်းထန်ခဲ့ကြောင်း။

How do I measure the amount of urine passed?

Put a container (like an ice cream container) in the toilet. Now sit on the toilet and relax with your feet on the floor. Pass urine into the container. Then tip the urine into a jug to measure it. Men may want to stand and pass urine directly into a measuring jug.

How do I measure urgency?

This chart shows how to use a number to describe the urge you felt.

0No urgency.

I felt no need to empty.

I emptied for other reasons.

1Mild urgency.

I could put it off as long as needed.

I had no fear of wetting myself.

2Moderate urgency.

I could put it off for a short time.

I had no fear of wetting myself.

3Severe urgency.

I could not put it off.

I had to rush to the toilet.

I had fear I would wet myself.

4Urge incontinence.I leaked before I got to the toilet.

ကျွန်ုပ် သွားသည့်ဆီးပမာဏကို မည်သို့ တိုင်းတာမည်နည်း။

အိမ်သာအိုးထဲသို့ (ရေခဲမုန့်ထည့်သည့် ခွက်ကဲ့သို့) ခွက်တစ်ခုကို ထည့်ပါ။ ထို့နောက် သင့်ခြေထောက်ကို ကြမ်းပြင်ပေါ်ထောက်၍ အိမ်သာအိုးပေါ်တွင် သက်တောင့်သက်သာစွာထိုင်ပါ။ ခွက်ထဲသို့ ဆီးသွားလိုက်ပါ။ ၎င်းနောက် ဆီးပမာဏကို တိုင်းရန် တိုင်းတာသည့်ခွက်ထဲ စောင်းထည့်ပါ။ အမျိုးသားများအနေနှင့် မတ်တပ်ရပ်ပြီး တိုင်းတာသည့်ခွက်ထဲသို့ တိုက်ရိုက်ပေါက်ထည့်နိုင်ပါသည်။

ဆီးသွားလိုစိတ် ပြင်းပြမှုကို မည်ကဲ့သို့ တိုင်းတာမည်နည်း။

ဤဇယားသည် သင့်ပြင်းပြမှု ခံစားချက်ကို နံပါတ်နှင့် မည်သို့အသုံးပြုဖေါ်ပြနိုင်ကြောင်း ရှင်းပြထားပါသည် -

အလျင်မလို

ကျွန်ုပ် ဆီးသွားဖို့ လိုအပ်သည်ဟု မခံစားရပါ။

အခြားအကြောင်းများကြောင့် ကျွန်ုပ်ဆီးသွားခဲ့သည်။

အနည်းငယ် ဆီးသွားချင်စိ တ်ရှိသည်။

ကျွန်ုပ် လိုအပ်သလောက် အချိန်ဆွဲထားနိုင်သည်။

ဆီးထွက်ကျမှာ ကျွန်ုပ် မစိုးရိမ်ခဲ့ပါ။

ဆီးသွားချင်စိတ် အတော်အတန် ရှိသည်။

ကျွန်ုပ် ခဏတဖြုတ် အချိန်ဆွဲထားနိုင်သည်။

ဆီးထွက်ကျမှာ ကျွန်ုပ် မစိုးရိမ်ခဲ့ပါ။

ဆီးသွားချင်စိတ် ပြင်းထန်သည်။

ကျွန်ုပ် အချိန်ဆွဲမထားနိုင်ခဲ့ပါ။

ကျွန်ုပ် အိမ်သာသို့ အပြေးသွားခဲ့ရသည်။

ဆီးထွက်ကျမှာ ကျွန်ုပ် စိုးရိမ်ခဲ့ရသည်။

ဆီးမထိန်းနိုင်တော့ပါ။အိမ်သာမရောက်မီ ကျွန်ုပ် ဆီးထွက်သွားခဲ့သည်။

How do I measure leaking using a Pad Weight Test?

This test helps to work out how much urine you leak over a few days. To do this test you will need some accurate scales for weighing. You do this test by:

  1. weighing a dry pad in a plastic bag before you wear the pad,
  2. 1then weighing the wet pad in a plastic bag after you wear it, and
  3. taking the weight of the dry pad away from the weight of the wet pad.

This will show how much you have leaked because each gram equals one ml.

Like this:

Wet pad400g.
Dry pad150g.
Weight Difference250g.
Amount leaked =250mls.

ဆီးထွက်ကျသည်ကို ဂွမ်းဖတ် အလေးချိန် စစ်ဆေးမှုကိုသုံး၍ ကျွန်ုပ် မည်သို့တိုင်းတာရမည်နည်း။

ဤစစ်ဆေးမှုသည် သင် ပြီးခဲ့သော ရက်ပိုင်းတွင် ဆီးပမာဏ မည်မျှထွက်ကျခဲ့ကြောင်း တိုင်းတာရန် အထောက်အကူပြုပါသည်။ ဤစစ်ဆေးမှုအတွက် တိကျမှန်ကန်သော ချိန်ခွင် လိုအပ်ပါလိမ့်မည်။ ဤစစ်ဆေးချက်ကို ပြုလုပ်ရမဲ့နည်းမှာ -

  1. ခြောက်သွေ့သော ဂွမ်းဖတ်တစ်ခုကို မထည့်ခင်မှာ ပလတ်စတစ်အိတ်တစ်ခုထဲ ထည့်ပြီး အလေးချိန် ချိန်ထားပါ။
  2. သင် သုံးပြီးသည့်အခါတွင် ပလတ်စတစ်အိတ်နှင့်အတူ ဂွမ်းဖတ်ကို အလေးချိန် ချိန်ကြည့်ပါ၊ ထိုနောက်
  3. ပလတ်စတစ်အိတ်အစို၏ အလေးချိန်ထဲမှ ဂွမ်းဖတ်အခြောက်၏ အလေးချိန်ကို နုတ်ပါ။

တစ်ဂရမ်အလေးချိန်သည် တစ်မီလီလီတာ ရှိသည့်အတွက် ဤအလေးချိန်က သင် ဆီးမည်မျှထွက်ကျကြောင်း ဖေါ်ပြပါလိမ့်မည်။

ဤသို့တွက်ပါသည် –

ဂွမ်းဖတ်အစို၄၀ဝ ဂရမ်
ဂွမ်းဖတ်အခြောက်၁၅၀ ဂရမ်
အလေးချိန် ခြားနားချက်၂၅၀ ဂရမ်
ထွက်ကျသော ပမာဏ =၂၅၀မီလီလီတာ

What will happen during the check up?

During the check up, you will be asked about your diet and your weight. You will also be asked about your past health and your health now. You may be asked:

  • How is your flow of urine?
  • How many times at night are you woken by the need to empty your bladder?
  • Are you taking any medicines or vitamins? Medicines can make big changes to the way the bladder and bowel work. Make a list of ALL the medicines you take, not just those the doctor has prescribed. Note the dose you take and how often you take them. It is a good idea to take all of your medicines with you when you go for the check up.
  • How much alcohol or caffeine do you drink? Drinking a lot of alcohol or caffeine-based drinks like coffee, cola or sports drinks may upset the bladder.
  • Are you constipated? Constipation can mean straining to open your bowels. This puts a big load onto your pelvic floor muscles. Straining can damage the pelvic floor muscles. Constipation can also upset the bladder.
  • Do you have any bowel accidents? Do you leak from your anus (back passage)? Weak pelvic floor muscles could mean you pass wind or bowel motions when you don’t mean to.
  • Does your bladder problem affect your sex life in any way?

Questions for women only:

  • Do you have any children? Pregnancy and having babies can change bladder control.
  • Are you going through menopause? Hormone changes can make bladder problems worse.

စစ်ဆေးသည့်အခါ ဘာတွေဖြစ်မည်နည်း။

စစ်ဆေးသည့်အချိန်တွင် သင်စားသောက်သည်များနှင့် သင့်ကိုယ်အလေးချိန်ကို မေးပါလိမ့်မည်။ သင့် ယခင်က ကျန်းမာရေး အခြေအနေနှင့် ယခု ကျန်းမာရေး အခြေအနေကိုလည်း မေးပါလိမ့်မည်။ သင့်ကို မေးနိုင်သည်မှာ

  • သင် ဆီးသွားခြင်းသည် မည်သို့ရှိကြောင်း။
  • တစ်ညတစ်ညတွင် သင် မသွားမဖြစ်၍ အကြိမ်မည်မျှ အိပ်ရာမှ ထရကြောင်း။
  • သင် ဆေးဝါးတစ်မျိုးမျိုး သို့မဟုတ် ဗီတာမင် သောက်နေ၊မနေ။ ဆေးဝါးသည် သင့်ဆီးအိမ်နှင့် ဝမ်း၏ လုပ်ဆောင်ပုံများကို အပြောင်းအလဲကြီး ပြောင်းလဲစေနိုင်ပါသည်။ သင် ဆရာဝန်က သုံးရန် ညွှန်းသည့်ဆေးသာမက အခြားအသုံးပြုနေသည့် ဆေးဝါး အားလုံးကို စာရင်းလုပ်ပါ။ သင် သောက်သည့်ပမာဏနှင့် တစ်နေ့မည်မျှ သောက်ကြောင်းကိုပါ ဖေါ်ပြပါ။ သင် ဆေးစစ်ခံရန် သွားသည့်အခါ သင့်ဆေးအားလုံးကို ယူသွားလျှင် ကောင်းပါလိမ့်မည်။
  • သင် အရက်သေစာနှင့် ကာဖိန်း မည်မျှ သောက်သနည်း။ ကာဖိန်း ပါသော ကော်ဖီ၊ ကိုလာ၊ သို့မဟုတ် အားကစားသမားများ၏ အားဖြည့်အချိုရည် အလွန်အကျွံ သောက်သုံးခြင်းသည် ဆီးအိမ်ကို ဒုက္ခဖြစ်စေပါသည်။
  • သင် ဝမ်းချုပ်သလား။ ဝမ်းချုပ်သည်ဆိုပါက ဝမ်းသွားစေဖို့ ညှစ်ရမည် ဟုဆိုလိုပါသည်။ ၎င်းသည် တင်ပါးဆုံခွက်ကြွက်သားများအပေါ် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်စေပါသည်။ ဝမ်းညှစ်ခြင်းက တင်ပါးဆုံခွက်ကြွက်သားများကို ပျက်စီးစေနိုင်ပါသည်။ ဝမ်းချုပ်ခြင်းကလည်း ဆီးအိမ်ကို ဒုက္ခဖြစ်စေပါသည်။
  • သင့်မှာ ဝမ်းနှင့်ဆိုင်သော မတော်တဆဖြစ်မှုများ ကြုံရသလား။ သင့် စအိုဝ (အနောက်ဘက်မှ အပေါက်) မှ မလုံဘဲ ထွက်ကျသည်များ ရှိသလား။ တင်ပါးဆုံခွက်ကြွက်သား အားနည်းပါက သင်မရည်ရွယ်ဘဲ လေလည်ခြင်း သို့မဟုတ် ဝမ်း ထွက်သွားခြင်းများ ဖြစ်နိုင်ပါသည်။
  • သင့် ဆီးအိမ်ပြဿနာသည် သင့် ကာမဆက်ဆံရေးဘဝကို တစ်နည်းနည်းနှင့် ထိခိုက်စေသလား။

အမျိုးသမီးများအတွက်သာ မေးသည့် မေးခွန်း -

  • သင့်မှာ ကလေး ရှိသလား။ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးခြင်းသည် ဆီး ထိန်းနိုင်ခြင်းကို အပြောင်းအလဲ ဖြစ်စေနိုင်ပါသည်။
  • သင် မီးယပ်သွေးဆုံး ဖြစ်နေသလား။ ဟော်မုန်း အပြောင်းအလဲများက ဆီးအိမ်ဆိုင်ရာ ပြဿနာများကို ပိုဆိုးစေနိုင်ပါသည်။

Some of the tests that could be used for your bladder control check up include:

  • a physical check (if you say this is okay).
  • a urine sample may be taken for testing.
  • a blood test may be taken for diabetes or prostate problems.
  • an x-ray or ultrasound.
  • a urodynamic test is a specialist check to show how your bladder works.

သင့်ဆီးထိန်းနိုင်မှုအတွက် စစ်ဆေးစဉ် အသုံးပြုမည့် စစ်ဆေးချက်အချို့မှာ ဤသည်တို့လည်းပါဝင်သည်။ -

  • ခန္ဓာကိုယ်ကို စစ်ဆေးခြင်း (သင်က ကျေနပ်ခွင့်ပြုမှသာ)
  • စစ်ဆေးရန်အတွက် ဆီးနမူနာ ယူနိုင်ပါသည်။
  • ဆီးချို သို့မဟုတ် ဆီးကျိတ်ဆိုင်ရာ ပြဿနာ ရှိ၊မရှိ စစ်ဆေးရန် သွေးစစ်ပါမည်။
  • ဓာတ်မှန် သို့မဟုတ် အာလ်ထရာဆောင်း
  • ဆီးအိမ်အတွင်း ဖိအားပြောင်းလဲမှုကို တိုင်းတာသည့် urodynamic စစ်ဆေးချက်သည် သင့်ဆီးအိမ် လုပ်ဆောင်ပုံကို ပြသသော အထူးကုဆရာဝန် စစ်ဆေးချက်ဖြစ်ပါသည်။

Remember

No matter what type of test you are asked to have done, you can ask:

  • Who will do it?
  • How will it be done?
  • How will it help?

သင် မမေ့ရန်

သင့်ကို မည်သည့် စစ်ဆေးမှုမျိုးမဆို လုပ်ခိုင်းသည်ဖြစ်စေ၊ သင့်အနေနှင့် မေးရန်မှာ -

  • မည်သူက စစ်ဆေးမည်နည်း။
  • မည်သို့ စစ်ဆေးမည်နည်း။
  • ၎င်းသည် မည်သည့်နည်းနှင့် အထောက်အကူ ဖြစ်စေမည်နည်း တို့ဖြစ်ပါသည်။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • health.gov.au/bladder-bowel

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020