Browse and download our factsheets in Burmese

When you are pregnant, you get a lot of advice from many people. One topic few people think about is bladder and bowel control problems during pregnancy and after the birth.သင် ကိုယ်ဝန်ရှိနေသည့်အခါ၌ သင်သည် လူများစွာထံမှ အကြံဉာဏ်များစွာရရှိတတ်ပါသည်။ လူအနည်းအကျဉ်းသာ ကိုယ်ဝန်လွယ်နေစဉ်အတောအတွင်းနှင့် မီးဖွားပြီးနောက်ပိုင်း၌ ဖြစ်တတ်သော ဆီးနှင့် ဝမ်း ချုပ်ထိန်းမှုဆိုင်ရာ ပြဿနာများအကြောင်းကို စဉ်းစားတွေးတောကြပါသည်။

How do I know if i have a problem?

There are a few things that might happen if you have weak pelvic floor muscles. You might:

  • leak urine when you cough, sneeze, lift, laugh or do exercise.
  • not be able to control passing wind.
  • feel a strong and urgent need to empty your bladder or your bowel.
  • not have good support for your bladder, uterus or bowel.

Pelvic organ prolapse

Without good support one or more of your pelvic organs might sag down into your vagina. This is called pelvic organ prolapse. Prolapse is very common. It happens to about 1 in 10 women in Australia. Women feel a heaviness, or a bulge or dragging in the vagina. Across the lifespan, 1 in 5 women may require surgery if these symptoms are a bother.

Sexual problems

You may also have sexual problems. After the birth, you will be very tired and busy with your baby. Vaginal birth can cause weakness around the vagina. The vagina may lack feeling. Vaginal tears and trauma can cause pain for many months. While breast feeding, hormones can make the vagina dry. This can cause more problems.

Talk with a health professional about these things if they are a problem.

ကျွန်ုပ်၌ ဒုက္ခရှိ၊ မရှိ ကျွန်ုပ် မည်ကဲ့သို့ သိမည်နည်း။

သင့်၌ အားနည်းသော တင်ပါးဆုံခွက်ကြွက်သားများရှိလျှင်၊ ဖြစ်ဖွယ်နိုင်ရာကိစ္စများအချို့ရှိပါသည်။ သင့်၌ ဖြစ်ကောင်းဖြစ်နိုင်သည်များမှာ

  • သင် ချောင်းဆိုးလျှင်၊ နှာချေလျှင်၊ ဝန်ပင့်လျှင်၊ ရယ်မောလျှင် သို့မဟုတ် လေ့ကျင့်ခန်းလုပ်သောအခါတွင် ဆီးထွက်ကျလိမ့်မည်။
  • လေမလည်မိရန် ချုပ်ထိန်းနိုင်မည် မဟုတ်ပါ။
  • ဆီး သို့မဟုတ် ဝမ်းသွားရန် ပြင်းပြပြီး အရေးတကြီး သွားလိုစိတ် ဖြစ်လိမ့်မည်။
  • သင့် ဆီးအိမ်၊ သားအိမ် သို့မဟုတ် ဝမ်းကို ကောင်းကောင်း ထိန်းခံပေးနိုင်မည် မဟုတ်ပါ။

တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှု

ထိန်းခံပေးနိုင်မှု မကောင်းလျှင်၊ သင့် တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခု သို့မဟုတ် တစ်ခုထက်မက သင့် သားအိမ်လမ်းကြောင်းထဲသို့ ညွတ်ကျလာနိုင်ဖွယ်ရှိပါသည်။ ၎င်းကို တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုဟုခေါ်ပါသည်။ လျှောကျမှုသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ သြစတြေးလျားနိုင်ငံတွင် အမျိုးသမီး ၁၀ ဦး အနက် ၁ ဦးခန့်ဖြစ်တတ်ပါသည်။ အမျိုးသမီးများသည် သားအိမ်လမ်းကြောင်းထဲတွင် တစ်ခုခု လေးလံနေသည်၊ သို့မဟုတ် စူထွက်နေသည် သို့မဟုတ် တရွတ်တိုက်ဆွဲနေသည်ဟု ခံစားရပါမည်။ အကယ်၍ ဤရောဂါလက္ခဏာများ ဒုက္ခပေးနေလျှင် အမျိုးသမီး ၅ ဦး အနက် ၁ ဦးသည် သူတို့သက်တမ်းတစ်လျှောက်၌ ခွဲစိတ်ကုသရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။

လိင်ပိုင်းဆိုင်ရာ ပြဿနာအခက်အခဲများ

သင့်၌ လိင်ပိုင်းဆိုင်ရာ ပြဿနာအခက်အခဲများလည်း ဖြစ်နိုင်ဖွယ်ရှိပါသည်။ မီးဖွားပြီးနောက်၊ သင်သည် အလွန်ပင်ပန်းနေပြီး ကလေးနှင့် အလုပ်ရှုပ်နေပါလိမ့်မည်။ သားအိမ်လမ်းကြောင်းမျ မီးဖွားလျှင် သားအိမ်လမ်းကြောင်းအနီးတစ်ဝိုက် အားလျော့နည်းစေပါသည်။ သားအိမ်လမ်းကြောင်း၌ ခံစားမှု လျော့နည်းနိုင်ဖွယ်ရှိပါသည်။ သားအိမ်လမ်းကြောင်းဆိုင်ရာ စုတ်ပြဲမှုများနှင့် ဒဏ်ဖြစ်မှုသည် လပေါင်းများစွာအတွက် နာကျင်နေစေနိုင်ပါသည်။ ကလေးနို့တိုက်နေသောအခါ၌ ဟော်မုန်းဓာတ်များက သားအိမ်လမ်းကြောင်းကို ခြောက်သွေ့စေနိုင်ပါသည်။ ၎င်းတို့သည် ပြဿနာများကို ပိုတိုးလာနိုင်စေပါသည်။

ဤကိစ္စများသည် ဒုက္ခပေးနေလျှင် ဤအကြောင်းများကို ကျန်းမာရေးပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ပါ။

Am I likely to get bladder and bowel problems?

Some women seem more likely to have bladder and bowel problems than others. Even women who have quite an easy birth can have problems. We can’t always tell which women are likely to have problems.

If a woman has bladder or bowel problems, such as irritable bowel syndrome or an urgent need to pass urine (overactive bladder) before pregnancy, these are likely to get worse after birth. Women can also get new bladder or bowel problems after giving birth. Constipation, coughing and obesity can make things worse.

Certain things about the birth can make bladder and bowel problems more likely such as having:

  • your first baby.
  • a large baby.
  • a long second stage of labour.
  • a difficult vaginal delivery with stitches after being cut.
  • a big tear with stitches around your vagina.
  • the baby helped out by a vacuum cap.
  • the doctor using forceps.

ကျွန်ုပ်၌ ဆီးအိမ်နှင့် ဝမ်းပိုင်းဆိုင်ရာ ဒုက္ခ ဖြစ်နိုင်ဖွယ်ရှိသလား။

အချို့အမျိုးသမီးများသည် အခြားသူများထက်စာလျှင် ဆီးနှင့် ဝမ်းပိုင်းဆိုင်ရာ ဒုက္ခများ ပိုပြီးရှိနိုင်ခြင်းကိုတွေ့ရပါသည်။ အလွန် လွယ်လွယ်ကူကူ မီးဖွားခဲ့ကြသော အမျိုးသမီးများပင် ဒုက္ခများရှိနိုင်ပါသည်။ မည်သည့်အမျိုးသမီးများ၌ ဒုက္ခများဖြစ်နိုင်ဖွယ်ရှိခြင်းကို ကျွန်ုပ်တို့ တပ်အပ်မပြောနိုင်ပါ။

အမျိုးသမီးတစ်ဦးဆီ၌ ကိုယ်ဝန်မတည်မီ irritable bowel syndrome (မအီမသာဖြစ်စေသော ဝမ်းပိုင်းဆိုင်ရာ ရောဂါလက္ခဏာစု) ကဲ့သို့သောဒုက္ခ၊ သို့မဟုတ် (လိုအပ်သည်ထက် ပိုအလုပ်လုပ်နေသော ဆီးအိမ်ဟုခေါ်နိုင်သည့်) ဆီးသွားရန် အရေးတကြီးလိုအပ်သကဲ့သို့သောဒုက္ခ၊ ဆီးအိမ် သို့မဟုတ် ဝမ်းပိုင်းဆိုင်ရာ ဒုက္ခ၊ ဤဒုက္ခများရှိလျှင်၊ ၎င်းတို့သည် မီးဖွားပြီးနောက်ပိုင်း ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။ အမျိုးသမီးများ၌ မီးဖွားပြီးနောက်ပိုင်း ဆီး သို့မဟုတ် ဝမ်းဆိုင်ရာ ပြဿနာအသစ်များလည်းဖြစ်နိုင်ပါသည်။ ဝမ်းချုပ်လျှင်၊ ချောင်းဆိုးလျှင်၊ ဝလွန်းလျှင် အခြေအနေများကို ပိုဆိုးစေနိုင်ပါသည်။

အောက်ပါများကဲ့သို့ မီးဖွားခြင်းနှင့် ပတ်သက်ရာ အကြောင်းကိစ္စအချို့များ၌ ဆီး နှင့် ဝမ်းဆိုင်ရာ ဒုက္ခများကို ပိုဖြစ်စေနိုင်ဖွယ်ရှိပါသည်။

  • သင်၏ ပထမ ကလေး။
  • ထွားသော ကလေး။
  • သားဖွားချိန် ဗိုက်နာသည့် အချိန်ကာလ၏ ဒုတိယအဆင့် ကြာမြင့်သွားလျှင်။
  • သားမွေးလမ်းကြောင်းမှတဆင့် ခက်ခက်ခဲခဲ မွေးပြီးနောက်ပိုင်း ညှပ်ပြီး ချုပ်ရလျှင်။
  • သင့် သားအိမ်လမ်းကြောင်းတစ်ဝိုက် စုတ်ပြဲမှု ကြီးမားပြီး ချုပ်ရိုးများရှိလျှင်။
  • ကလေးကို ဝမ်းဆွဲလေစုပ်အဆောင်း အကူအညီနှင့် မွေးထုတ်ခဲ့ရလျှင်။
  • ဆရာဝန်က ဝမ်းဆွဲညှပ် သုံးခဲ့ရလျှင်တို့ဖြစ်ပါသည်။

What if I have a caesarean birth?

Choosing a caesarean birth might seem like a way to avoid these problems, but it is not that simple.

A caesarean birth might reduce the risk of severe bladder control problems from 10% to 5% for a first baby. But after the third caesarean birth there may be no benefit at all. Caesarean births carry their own risks. Babies born this way are more likely to have breathing problems at birth. It can also be more risky for the mother. Scarring from caesarean births can make future pelvic surgery more difficult. So you may be trading one problem for another.

In many cases, a vaginal birth runs just as planned and is a lovely event for parents. This type of birth is best when possible. However problems can still happen. We are still learning how we might prevent damage to the pelvic floor during birth. For now, pregnancy and birth mean making a choice between different risks. You and your partner need to think about these risks. You need to discuss them with your pregnancy care professional.

ကျွန်ုပ် ဗိုက်ခွဲမွေးရလျှင်ကော။

ဗိုက်ခွဲမွေးရန် ရွေးချယ်လျှင် ဤပြဿနာများကို ရှောင်ကွင်းသည့် နည်းတစ်နည်းဖြစ်လိမ့်မည်ဟု ထင်ရသော်လည်း ထင်သကဲ့သို့ မလွယ်ပါ။

ဗိုက်ခွဲမွေးလျှင် ပြင်းထန်ဆိုးရွားသော ဆီးချုပ်ထိန်းမှုပြဿနာများ ဖြစ်ပေါ်လိမ့်မည့်အလားအလာကို ပထမ ကလေး၌ဆိုလျှင် ၁၀% မှ ၁၅% အထိ လျော့နည်းစေကောင်း လျော့နည်းစေနိုင်သော်လည်း၊ တတိယအခေါက် ဗိုက်ခွဲမွေးသည့်အခါ၌ အကျိုးလုံးဝမရှိနိုင်တော့ပါ။ ဗိုက်ခွဲမွေးလျှင် ခွဲမွေးခြင်းနှင့် သက်ဆိုင်သည့် အန္တရာယ်သက်သက်များရှိပါသည်။ ဤနည်းနှင့် မွေးသောကလေးများသည် မွေးဖွားချိန်၌ အသက်ရှုခြင်းဆိုင်ရာ ပြဿနာများ ပိုပြီးရှိနိုင်သကဲ့သို့ မိခင်အတွက်လည်း ပိုပြီးအန္တရာယ်ရှိနိုင်ပါသည်။ ဗိုက်ခွဲမွေးသည့်အတွက် ဖြစ်လာသော ဒဏ်ရာဒဏ်ချက်များသည် အနာဂတ်၌ လိုအပ်လာလျှင် တင်ပါးဆုံကို ခွဲစိတ်ကုသရန် ပိုပြီးခက်ခဲစေနိုင်ပါသည်။ ၎င်းကြောင့် ပြဿနာတစ်ခုကို နောက်တစ်ခုနှင့် အစားထိုးသကဲ့သို့ ဖြစ်သွားနိုင်ပါသည်။

အခြေအနေအများစုတွင် သားမွေးလမ်းကြောင်းမှ မီးဖွားခြင်းသည် စီစဉ်ထားသည့်အတိုင်းပင် ဖြစ်လေ့ရှိပြီး မိဘများအတွက် ကြည်နူးစရာအဖြစ်အပျက်တစ်ခုဖြစ်ပါသည်။ ဤသို့ဖြစ်နိုင်လျှင် ၎င်းမှာ အကောင်းဆုံး မွေးဖွားနည်းပင်ဖြစ်ပါသည်။ သို့သော်လည်း ပြဿနာများကား ဖြစ်နိုင်ဆဲဖြစ်ပါသည်။ မီးဖွားခိုက် တင်ပါးဆုံခွက် ထိခိုက်ပျက်စီးမှု မဖြစ်ရန် မည်ကဲ့သို့ ရှောင်ရှားရမည်ကို ကျွန်ုပ်တို့ လေ့လာနေဆဲဖြစ်ပါသည်။ လောလောဆယ်၌ ကိုယ်ဝန်ဆောင်ရာ၌နှင့် မီးဖွားရာ၌ အန္တရာယ်မျိုးစုံ ရှေ့မှောက်ရှိနေသည့်အနက် အကောင်းဆုံးအခြေအနေကို ရယူရန်ပင်ဖြစ်ပါသည်။ သင်နှင့် သင့်ကြင်ဖော်ကြင်ဖက်တို့သည် ဤအန္တရာယ်များအကြောင်းကို စဉ်းစားထားရန်လိုပါသည်။ သင်သည် သင်၏ မီးဖွားခြင်းဆိုင်ရာ ပြုစုစောင့်ရှောက်ရေး အတတ်ပညာရှင်နှင့် ဆွေးနွေးရန်လိုအပ်ပါသည်။

What do my pelvic floor muscles do?

Look at the picture of the pelvic floor.

The pelvic floor muscles do a few things. They help to:

  • Lift the bladder.
  • Squeeze around the vagina and the rectum (back passage).
  • Hold the bladder, the uterus (womb) and bowel (colon) in their proper place.

Pelvic Floor Muscle

ကျွန်ုပ်၏ တင်ပါးဆုံခွက်ကြွက်သားများက မည်သည့်အရာများကို လုပ်ပေးသနည်း။

တင်ပါးဆုံခွက်၏ ပုံကိုကြည့်ပါ။

တင်ပါးဆုံခွက်ကြွက်သားများ၌ လုပ်ငန်းတာဝန်များအချို့ရှိပြီး၊ အောက်ပါတို့ကို အထောက်အကူပြုပါသည်။

  • ဆီးအိမ်ကို ပင့်တင်ပေးပါသည်။
  • သားအိမ်လမ်းကြောင်းနှင့် စအိုဝ (နောက်ဖေးပေါက်လမ်းကြောင်း) ပတ်လည်ကို ညှစ်ပေးပါသည်။
  • ဆီးအိမ်၊ သားအိမ်နှင့် အူသိမ် (အူမ) တို့ကို သူတို့၏ ပုံမှန်နေရာ၌ နေနေစေရန် ထိန်းပေးပါသည်။

Pelvic Floor Muscle

What can I do about weak pelvic floor muscles?

The birth of a baby might have stretched your pelvic floor muscles. Any ‘pushing down’ actions the first weeks after the birth might stretch the pelvic floor muscles again. Avoid ‘pushing down’ actions in the first weeks after the birth. This will protect them.

Here are a few ideas to help you.

  • Try to squeeze, lift and hold your pelvic floor muscles. Do this to brace your pelvic floor muscles before every sneeze, cough, nose blow or lift. This is called having ‘the knack’.
  • Cross your legs and squeeze them tightly together before each cough or sneeze.
  • Share the lifting of heavy loads.
  • Don’t strain when using your bowels.
  • Avoid bouncing exercises.
  • It’s alright to get up once a night to pass urine.
  • Make your pelvic floor muscles stronger through training.
  • Ask for advice about bladder infections.

For more information, see ‘Good Bladder Habits for Everyone’ and ‘Pelvic Floor Muscle Training for Women’.

အားနည်းနေသော တင်ပါးဆုံခွက်ကြွက်သားများနှင့်ပတ်သက်ပြီး ကျွန်ုပ် ဘာလုပ်နိုင်သနည်း။

ကလေးမွေးသည့်အတွက် သင့် တင်ပါးဆုံခွက်ကြွက်သားများ ဆန့်ကျယ်သွားနိုင်ဖွယ်ရှိပါသည်။ မီးဖွားပြီးနောက် ပထမအပတ်များ၌ အောက်ကို ဖိချပေးသော မည်သည့်လှုပ်ရှားမှုမျိုးမဆို တင်ပါးဆုံခွက်ကြွက်သားများကို ထပ်မံပြီး ဆန့်ကျယ်သွားစေနိုင်ပါသည်။ မီးဖွားပြီးနောက် ပထမအပတ်များ၌ သင်၏ တင်ပါးဆုံခွက်ကြွက်သားများ အောက်သို့ ဖိချခြင်းများကို ရှောင်ရှားပါ။ ၎င်းသည် ကြွက်သားများကို ကာကွယ်ပေးပါလိမ့်မည်။

အောက်ပါအကြံဉာဏ်အချို့သည် သင့်အား အထောက်အကူပြုရန်အတွက်ဖြစ်ပါသည်။

  • သင့် တင်ပါးဆုံခွက်ကြွက်သားများကို ညှစ်၍၊ ပင့်တင်ပြီး တောင့်ထားရန် ကြိုးစားပါ။ သင် နှာမချေမီ၊ ချောင်းမဆိုးမီ၊ နှာမညှစ်မီ၊ သို့မဟုတ် အရာတစ်ခုခုကို မ,မမီ်၊ အခါတိုင်းတွင် သင့် တင်ပါးဆုံခွက်ကြွက်သားများကို တောင့်ခံထားနိုင်ရန် ၎င်းကိုလုပ်ပါ။ ၎င်းကို (အထာ) သုံးခြင်းဟု ခေါ်ပါသည်။
  • ချောင်းမဆိုးမီ သို့မဟုတ် နှာမချေမီ အခါတိုင်းတွင် သင့်ခြေထောက်နှစ်ခုလုံးကို ကန့်လန့်ဖြတ်ချိတ်ပြီး ခပ်တင်းတင်း ညှစ်ထားပါ။
  • လေးပင်သော ဝန်ထုပ်ဝန်ပိုးများကို အမြဲပင် သူများနှင့်အတူ မ,ပါ။
  • သင် ဝမ်းသွားသည့်အခါ၌ အားစိုက်၊ မညှစ်ပါနှင့်။
  • ခုန်ရသော လေ့ကျင့်ခန်းပုံစံများကို ရှောင်ပါ။
  • ညအခါတစ်ကြိမ် ထ၍ ဆီးသွားခြင်းမှာ ပုံမှန်ဖြစ်ပါသည်။
  • သင့် တင်ပါးဆုံခွက်ကြွက်သားများကို လေ့ကျင့်ခန်းလုပ်ပြီး ပိုပြီး အားရှိလာရန်လုပ်ပါ။
  • ဆီးအိမ်ရောဂါပိုးဝင်မှုနှင့်ပတ်သက်ပြီး အကြံဉာဏ်တောင်းပါ။

နောက်ထပ်အချက်အလက်များအတွက် (လူတိုင်းအတွက် ဆီးသွားခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ) နှင့် (အမျိုးသမီးများအတွက် တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်း) ၌ ကြည့်ပါ။

Will things get better?

Do not lose heart. In the first six months after giving birth, bladder or bowel control may get better without help. Even if the bladder or bowel problem seems severe, the pelvic floor tissues, muscles and nerves can mend with time.

Regular pelvic floor muscle training kept up over the long term, as well as the right advice, will help.

Don’t forget to look after yourself. At this time it is easy to neglect your own needs.

Seek help if things are not getting better after six months. Speak to your doctor, continence physiotherapist or continence nurse advisor.

အခြေအနေများ တိုးတက်လာပါမည်လား။

စိတ်မပျက်ပါနှင့်။ မီးဖွားပြီးနောက် ပထမ ခြောက်လအတွင်း၌ ဆီးနှင့်ဝမ်း ချုပ်ထိန်းနိုင်မှုသည် ၎င်းအလိုအလျောက် ကောင်းလာနိုင်ဖွယ်ရှိပါသည်။ ဆီးနှင့်ဝမ်းဆိုင်ရာ ပြဿနာများသည် ဆိုးရွားလှသည်ဟု ထင်ရလျှင်ပင် တင်ပါးဆုံခွက် အသားမျှင်များ၊ ကြွက်သားများနှင့် အာရုံကြောများသည် အချိန်ကြာလာသည်နှင့်အမျှ ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။

ရေရှည်ကာလအတွက် တင်ပါးဆုံခွက်ကြွက်သားဆိုင်ရာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းများနှင့် သင့်လျော်မှန်ကန်သည့် အကြံဉာဏ်များရယူခြင်းတို့သည် အထောက်အကူဖြစ်ပါလိမ့်မည်။

မိမိကိုယ်မိမိ ဂရုစိုက်ကြည့်ရှုရန် မမေ့ပါနှင့်။ ဤသို့သော အချိန်မျိုး၌ သင့်ကိုယ်ပိုင် လိုအပ်ချက်များကို အရေးမထားမိဘဲ လစ်ဟင်းနိုင်လွယ်ပါသည်။

၆ လ ကြာမြင့်ပြီးနောက် အခြေအနေများမှာ မတိုးတက်လာလျှင် အကူအညီတောင်းပါ။ သင့် ဆရာဝန်၊ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးနှင့်တွေ့ပါ။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020