Browse and download our factsheets in Burmese

What are continence products?

Continence products help manage the symptoms of poor bladder and bowel control. They may be used for a short time during treatment. They can also be used long term if poor bladder and bowel control can’t be cured.

There are a broad range of products to help manage bladder or bowel control problems. Continence nurse advisors can help choose the right product for you that will give you the most protection and that you can rely on with confidence.

Your doctor or continence nurse advisor can also look for the cause of your problem and offer you some treatment. If you do not try any treatment or if you just use pads or other continence products without getting advice, the problem could get worse.

ဆီး၊ ဝမ်း ထိန်းပေးသော အသုံးအဆောင်ပစ္စည်းများကား အဘယ်နည်း။

ဆီး၊ ဝမ်း ထိန်းပေးသော အသုံးအဆောင်ပစ္စည်းများသည် ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှု အားနည်းသော ရောဂါလက္ခဏာများကို ကိုင်တွယ်စီမံပေးရာ၌ အထောက်အကူပြုပေးပါသည်။ ကုသပေးနေစဉ် အတောအတွင်း၌ ရေတိုကာလအတွက် ၎င်းတို့ကို အသုံးပြုနိုင်ပါသည်။ အကယ်၍ ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှု အားနည်းခြင်းကို ပျောက်ကင်းရန် မကုသပေးနိုင်လျှင် ရေရှည်ကာလအတွက်လည်း အသုံးပြုနိုင်ပါသည်။

ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှု အားနည်းသည့် ပြဿနာများကို ကိုင်တွယ်စီမံပေးရာ၌ အထောက်အကူပြုပေးရန်အတွက် အမျိုးအမည်စုံလင် များပြားသောအသုံးအဆောင်ပစ္စည်းများရှိပါသည်။ ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးများသည် သင့်အတွက် ကာကွယ်မှုအများဆုံးပေးနိုင်ပြီး၊ မိမိအနေနှင့် စိတ်ချလက်ချ အားကိုးအသုံးပြုနိုင်သော အသုံးအဆောင်ပစ္စည်းအမှန်ကို ရွေးချယ်ရန် ကူညီပေးနိုင်ပါသည်။

သင့်ဆရာဝန် သို့မဟုတ် ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးက သင့်ရောဂါဒုက္ခ၏ အကြောင်းရင်းကိုလည်း စူးစမ်းရှာဖွေပေးနိုင်ပြီး တစ်ချို့တစ်ဝက် ဆေးကုပေးနိုင်ပါသည်။ အကယ်၍ သင်သည် မည်သည့်ကုသမှုကိုမျှ ခံယူရန် မကြိုးစားလျှင်၊ သို့မဟုတ် သင်သည် အကာအကွယ်များကိုသာ သုံးမြဲသုံးနေလျှင်၊ သို့မဟုတ် အကြံဉာဏ်မတောင်းဘဲ အခြားအသုံးအဆောင်ပစ္စည်းများကိုသာ သုံးနေလျှင်၊ ပြဿနာမှာ ပိုဆိုးလာနိုင်ပါသည်။

What types of continence products are there?

Absorbent pads and pants

  • come in a range of sizes.
  • differ in how much urine they can soak up (absorb).
  • can be disposable or reusable (washable).

Disposable pads and pants:

  • can be very absorbent.
  • are made to be used once only then thrown out.
  • can be used with special mesh pants that keep the pads from slipping.
  • may have adhesive strips to stick to underwear or mesh pants keeping the pad in place.
  • are designed for easy disposal.

Reusable pads and pants:

  • can be washed and re-used many times.
  • are better suited to light urine loss.

ဆီး၊ ဝမ်း ထိန်းပေးသည့် အသုံးအဆောင်ပစ္စည်း မည်သို့သောအမျိုးအစားများကို ရနိုင်သနည်း။

အလွယ်တကူ စုပ်ယူသော ဂွမ်းဖတ်အကာအကွယ်များနှင့် အတွင်းခံ ဘောင်းဘီများ

  • အရွယ်အစား အမျိုးမျိုးရနိုင်ပါသည်။
  • ဆီး စုပ်ယူနိုင်မှု ပမာဏတွင် ကွာခြားမှုရှိပါသည်။
  • တစ်ခါသုံး သို့မဟုတ် ပြန်လည် အသုံးပြုနိုင်ပါသည် (လျှော်နိုင်ပါသည်)။

တစ်ခါသုံး ဂွမ်းဖတ်အကာအကွယ်များနှင့် အတွင်းခံ ဘောင်းဘီများသည် -

  • စုပ်အား အလွန် ကောင်းပါသည်။
  • တစ်ခါသာ သုံးပြီးနောက် စွန့်ပစ်ရန် လုပ်ထားပါသည်။
  • ဂွမ်းဖတ်အကာအကွယ်များ လျှောမထွက်သွားရန် ထိန်းပေးမည့် အထူး ကွန်ရက်ပါသော အတွင်းခံဘောင်းဘီများနှင့်အတူ အသုံးပြုနိုင်ပါသည်။
  • အတွင်းခံဘောင်းဘီနှင့် ကပ်နေရန်၊ သို့မဟုတ် ဂွမ်းဖတ်အကာအကွယ်များ လျှောမထွက်သွားရန် ထိန်းပေးမည့် ကွန်ရက်ပါသော အတွင်းခံဘောင်းဘီများနှင့် ကပ်နေရန်၊ ကော်ပါသော ကပ်ခွါများ၊ အမြှောင်းများ ပါချင်ပါနိုင်ပါသည်။
  • အလွယ်တကူ စွန့်ပစ်ရန် ပုံစံထုတ်ထားခြင်း ဖြစ်ပါသည်။

ပြန်လည်အသုံးပြုနိုင်သော ဂွမ်းဖတ်အကာအကွယ်များနှင့် အတွင်းခံ ဘောင်းဘီများကို -

  • အကြိမ်ပေါင်းများစွာ လျှော်နိုင်ပြီး၊ ပြန်လည်အသုံးပြုနိုင်ပါသည်။
  • ဆီးအထွက် နည်းပါးမှုအတွက် ပိုပြီး သင့်တော်ပါသည်။

Make sure you change your continence product regularly

Also clean and dry your skin every time you change.

This is important to:

  • prevent leakage onto your clothing or in your bed.
  • reduce your risk of urinary tract infections.
  • reduce your risk of a skin rash.
  • prevent any smells.

သင်၏ ဆီး၊ ဝမ်း ထိန်းပေးသော အသုံးအဆောင်ပစ္စည်းများကို သင် ပုံမှန် လဲပေးရန် သေချာပါစေ။

လဲလှယ်သည့်အခါတိုင်း၌ သင့်အသားအရေကို သန့်ရှင်းပေးပြီး ခြောက်ရန်လည်း လုပ်ပေးပါ။

ဤပစ္စည်းများ သည် အောက်ပါတို့အတွက် အရေးကြီးပါသည်။

  • ဆီး ထွက်ကျပြီး သင့် အဝတ်အစားနှင့် အိပ်ရာ မစိုဘဲ တားဆီးပေးရန်။
  • ဆီးလမ်းကြောင်း၌ ရောဂါပိုးဝင်မည့် အလားအလာကို လျော့နည်းစေရန်။
  • အသားအရေ၌ အဖုအပိမ့်ထွက်မည့် အလားအလာကို လျော့နည်းစေရန်။
  • အနံ့အသက်များ မထွက်အောင် တားဆီးပေးရန်ဖြစ်ပါသည်။

ABSORBENT BED PADS AND CHAIR PADS:

  • can be disposable or reusable.
  • work best when the skin is in direct contact with the chair or bed pad.
    • the top layer in contact with the skin lets the urine right through.
    • this layer takes the urine away from the skin so the skin stays dry.
    • the lower layers soak up the urine loss.
  • are not meant to be used at the same time as pads or pants:
    • they can be used as a back-up to absorbent pads or pants.
    • they can reduce leaks onto beds and chairs.

အလွယ်တကူ စုပ်ယူသော အိပ်ရာ ဂွမ်းဖတ်အကာအကွယ်များနှင့် ကုလားထိုင် ဂွမ်းဖတ်အကာအကွယ်များကို

  • တစ်ခါသာသုံးပြီး စွန့်ပစ်နိုင်သော အမျိုးအစား သို့မဟုတ် ပြန်လည် အသုံးပြုနိုင်သော အမျိုးအစားရှိပါသည်။
  • အသားအရေသည် ကုလားထိုင် ဂွမ်းဖတ်အကာအကွယ် သို့မဟုတ် အိပ်ရာ ဂွမ်းဖတ်အကာအကွယ်နှင့် တိုက်ရိုက် ထိတွေ့နေသောအခါ၌ အကောင်းဆုံး အလုပ်လုပ်ပါသည်။
    • အသားအရေနှင့် ထိတွေ့နေသော အပေါ်လွှာသည် ဆီးကို တန်းပြီး ဖြတ်သန်းသွားစေပါသည်။
    • ဤအလွှာသည် ဆီးကို အသားအရေမှ ဖယ်ရှားပေးသည့်အတွက် အသားအရေသည် ခြောက်သွေ့မြဲ ခြောက်သွေ့နေပါသည်။
    • အောက်အလွှာများက ထွက်ကျသော ဆီးကို စုပ်ယူထားလိုက်ပါသည်။
  • ဂွမ်းဖတ်အကာအကွယ်များ သို့မဟုတ် အတွင်းခံ ဘောင်းဘီများနှင့် အတူတွဲသုံးရန် ရည်ရွယ်ထားခြင်း မဟုတ်ပါ။ 
    • ၎င်းတို့ကို စုပ်ယူသော ဂွမ်းဖတ်အကာအကွယ်များ သို့မဟုတ် အတွင်းခံ ဘောင်းဘီများ၏ အရန်အဖြစ် အသုံးပြုနိုင်ပါသည်။
    • ၎င်းတို့သည် အိပ်ရာများနှင့် ကုလားထိုင်များအပေါ် ဆီးထွက်ကျမှုကို လျော့နည်းစေနိုင်ပါသည်။

Penile sheaths

A continence nurse advisor needs to carefully assess any man thinking about using a penile sheath (also known as condom drainage). It is important to use the right product and to get information about proper care. Penile sheaths are better for men with moderate to heavy urine loss.

Sheaths:

  • are made of latex, silicone or non-latex material.
  • come in a variety of sizes and lengths.
  • can be self-adhesive or come with a separate adhesive strip which the sheath rolls over.
  • need to be changed every 24 hours to check for skin reactions and for hygiene.
  • join to a drainage bag to collect urine.

Leg bags:

  • can be hidden under the man’s clothes.
  • should come with straps supplied if the man is mobile.
  • the straps should be firmly fixed to the thigh, knee or calf.
  • should be emptied before they get heavy enough to pull off the sheath.
  • the sheath can be joined to a larger bag for overnight drainage.
  • should have wide bore tubing to let the urine flow into the bag.
  • should have no backflow into the sheath which could cause it to come loose.

လိင်တံအစွပ်များ

ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးသည် လိင်တံအစွပ် (လိင်တံအစွပ် အရည်နုတ်ပေးမှုဟုလည်း ခေါ်ကြပါသည်) အသုံးပြုရန် စဉ်းစားနေကြသော မည်သည့်အမျိုးသားကိုမဆို သေချာစွာ စိစစ်ပေးရန် လိုအပ်ပါသည်။ မှန်ကန်သော အသုံးအဆောင်ပစ္စည်းကို အသုံးပြုခြင်းနှင့် ကောင်းကောင်းမွန်မွန် ကိုင်တွယ်အသုံးပြုခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရရှိရန် အရေးကြီးပါသည်။ လိင်တံအစွပ်သည် ဆီးထွက်ကျမှု အလည်အလတ် အဆင့်မှ ပြင်းထန်မှုအဆင့်အထိရှိသော အမျိုးသားများအတွက် ပိုပြီးသင့်တော်ပါသည်။

အစွပ်များ၏အကြောင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ကြက်ပေါင်စေး၊ ဆီလီကွန် သို့မဟုတ် ကြက်ပေါင်စေး မဟုတ်သော ပစ္စည်းနှင့် လုပ်ထားပါသည်။
  • အရွယ်အစားနှင့် အလျားမျိုးစုံရှိပါသည်။
  • အလိုအလျောက်ကပ်နိုင်ပါသည်၊ သို့မဟုတ် သပ်သပ်ပါလာသော ကပ်ခွါ၊ အမြှောင်းအပေါ်၌ အစွပ်ကို လိပ်ထုတ်နိုင်ပါသည်။
  • အသားအရေ၏ တုန့်ပြန်မှုနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို စစ်ဆေးရန် ၂၄ နာရီခြားတစ်ခါ လဲလှယ်ပေးရန် လိုအပ်ပါသည်။
  • ဆီးကို စုစောင်းရန် ဆီးရည်ကိုနုတ်ပေးသော အိတ်နှင့် အတူတွဲဖက်ပါသည်။

ခြေထောက်အိပ်များ

  • အမျိုးသား၏ အဝတ်အစားများအောက်၌ ဝှက်ထားနိုင်ပါသည်။
  • အကယ်၍ အမျိုးသားသည် သွားလာလှုပ်ရှားနိုင်စွမ်းရှိလျှင်၊ သိုင်းကြိုးများ ပူးတွဲ ပါလေ့ရှိပါသည်။
  • သိုင်းကြိုးများကို ပေါင်၊ ဒူး သို့မဟုတ် ခြေသလုံး၌ မြဲမြံစွာ ချည်ထားသင့်ပါသည်။
  • အစွပ်သည် ပြုတ်ထွက်သွားလောက်အောင် လေးလံမလာမီ သွန်ပစ်သင့်ပါသည်။
  • ညလုံးပေါက် ဆီးရည်များကို နုတ်ပေးနိုင်ရန် အစွပ်ကို ပိုပြီးကြီးသောအိတ်နှင့် တွဲဖက်ထားနိုင်ပါသည်။
  • ဆီးရည်များ အိပ်ထဲ စီးဆင်းသွားစေရန် အပေါက်ကျယ်သော ပြွန်တံ ပါရှိရပါမည်။
  • အစွပ်သည် ချောင်ပြီး ထွက်ကျမလာရန် ဆီးရည်များ အစွပ်ထဲ ပြန်လည် စီးဆင်းဝင်ရောက်မှု မရှိရပါ။

Other products to help toileting

If confined to bed:

  • bedpans and urinals (male and female) can be used.

If you have restricted mobility:

  • a commode chair placed by the bed at night can help if it is:
    • difficult to walk to the toilet.
    • hard to get to the toilet in time.
  • trouble getting down or up from low toilets can be helped using:
    • raised toilet seats.
    • over the toilet frames.
    • chairs that can be moved over the toilet.

အိမ်သာသွားရန် အထောက်အကူပြုသော အခြား အသုံးအဆောင်ပစ္စည်းများ

အကယ်၍ အိပ်ရာထဲ လဲနေသူဖြစ်လျှင်၊

  • ယောင်္ကျားသုံးနှင့် မိန်းမသုံး အိမ်သာအိုးများနှင့် ဆီးအိုးများကို သုံးနိုင်ပါသည်။

အကယ်၍ လူနာအတွက် ရွေ့လျားရန် အခက်အခဲရှိနေလျှင်၊

  • အောက်ပါအခြေအနေများရှိနေခဲ့လျှင် ညအချိန် အိပ်ရာဘေး၌ အိမ်သာသွားနိုင်သော ကုလားထိုင်ကို ထားခြင်းအားဖြင့် အထောက်အကူဖြစ်စေနိုင်ပါသည်။
    • အိမ်သာကို လမ်းလျှောက်သွားရန် ခက်ခဲခြင်း။
    • အိမ်သာကိုအချိန်မီ အရောက်သွားရန် ခက်ခဲခြင်းဖြစ်ပါသည်။
  • နိမ့်သော အိမ်သာထိုင်ခုံပေါ် အထိုင်၊ အထလုပ်ရန် ခက်ခဲလျှင် အောက်ပါတို့ကို အသုံးပြုပြီး လွယ်ကူစေနိုင်ပါသည်။
    • မြှင့်ထားသော အိမ်သာထိုင်ခုံများ၊
    • အိမ်သာထိုင်ခုံပေါ်၌ လွှားတင်ပြီး ထိုင်နိုင်သော ဘောင်များ၊
    • အိမ်သာထိုင်ခုံပေါ်၌ အုပ်တင်ပြီး ထိုင်နိုင်သော ကုလားထိုင်များဖြစ်ပါသည်။

What should you think about when choosing a continence product?

The best product is one that:

  • works well.
  • is comfortable.
  • helps you to have a normal life.

When choosing a continence product, you should think about:

1. Your personal bladder or bowel control problem

Your choice of product depends on your own control needs at any one time.

Choose a product that:

  • is comfortable to wear.
  • doesn’t leak.
  • is affordable.
  • is easy to use.
  • no one else can tell that you are wearing it.

2. Your personal lifestyle

This should guide your choice of products. You need to consider your personal needs for:

  • work.
  • home.
  • your social life.

You might need special products to use when you:

  • play sport.
  • travel long distances.

Continence nurse advisors can help with advice on special products.

3. Your mobility

There is a vast range of products and one that is just right for you. Think about your habits and abilities. This can help to guide the right choice of product for you.

Ask yourself:

  • How easily can I to get to the toilet?
  • How easy is it for me to change pads?

4. Supply of products

Some continence products can be bought in supermarkets and chemists. It is easier to buy others from specialist medical suppliers. You might need expert help to choose the right supplier for you.

Contact the National Continence Helpline 1800 33 00 66.

They can give you advice. They can also give you the contact details for a continence nurse advisor in your area.

5. Disposal

Most disposable products can be thrown away in normal household rubbish. Continence products should never be flushed down the toilet.

ဆီး/ဝမ်း ထိန်းပေးသော အသုံးအဆောင်ပစ္စည်း ရွေးချယ်သောအခါ၌ သင် မည်သည့်အကြောင်းများကို ထည့်သွင်းစဉ်းစားသင့်သနည်း။

အောက်ပါအချက်မျိုးများဆိုလျှင် အကောင်းဆုံးသော ဆီး၊ ဝမ်း ထိန်းပေးသည့် အသုံးအဆောင်ပစ္စည်းဖြစ်ပါမည်။

  • ကောင်းမွန်စွာ အလုပ်လုပ်မည်။
  • သက်သောင့်သက်သာရှိစေမည်။
  • ပုံမှန်ဘဝ နေထိုင်သွားနိုင်ရန် လူနာကို အထောက်အကူပြုပေးမည်။

ဆီး/ဝမ်း ထိန်းပေးသော အသုံးအဆောင်ပစ္စည်းကို ရွေးချယ်သောအခါ၌ သင် အောက်ပါအကြောင်းများကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

1. သင့်၌ရှိသော ဆီး သို့မဟုတ် ဝမ်း ထိန်းချုပ်ရေးဆိုင်ရာ ပြဿနာ

သင်ရွေးချယ်မည့် ဆီး၊ ဝမ်း ထိန်းပေးရေး အသုံးအဆောင်ပစ္စည်းသည် မည်သည့်အချိန်ကာလတစ်ခု၌မဆို ရှိနေလိမ့်မည့် သင့်အတွက် ထိန်းချုပ်ပေးနိုင်မှု လိုအပ်ချက်များအပေါ် မူတည်ပါသည်။

အသုံးအဆောင်ပစ္စည်းကို ရွေးချယ်သောအခါ၌ အောက်ပါတို့ကို ထည့်သွင်းစဉ်းစားပါ။

  • အသုံးပြုရန် သက်သောင့်သက်သာရှိရမည်။
  • ဆီး ထွက်မကျရပါး။
  • ငွေတတ်နိုင်ရမည်။
  • အသုံးပြုရန် လွယ်ကူရမည်။
  • မိမိက အသုံးပြုနေခြင်းကို မည်သူမျှ မသိနိုင်ခြင်းဟူသော အချက်များဖြစ်ကြပါသည်။

2. သင်၏ တစ်ကိုယ်ရေ နေပုံထိုင်ပုံ

၎င်းသည် သင်၏ ဆီး၊ ဝမ်း အသုံးအဆောင်ပစ္စည်းရွေးချယ်မှုကို လမ်းညွှန်ပေးသင့်ပါသည်။ သင့်ကိုယ်ပိုင် လိုအပ်ချက်များအတွက် သင် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

  • အလုပ်အကိုင်
  • အိမ်အခြေအနေ
  • သင့် လူမှုရေးပိုင်း နေထိုင်မှုပုံစံတို့ဖြစ်ကြပါသည်။

သင်သည် အောက်ပါအခြေအနေများ၌ သီးသန့် အသုံးအဆောင်ပစ္စည်းများကို လိုအပ်နိုင်ဖွယ်ရှိပါသည်။

  • အားကစားလိုက်စားလျှင်၊
  • ခရီးဝေးသွားလျှင်တို့ဖြစ်ပါသည်။

ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးသည် သီးသန့် အသုံးအဆောင်ပစ္စည်းများနှင့် စပ်ဆိုင်သော အကြံဉာဏ်ကိုပေးနိုင်ပါသည်။

3. သင်၏ ရွေ့လျားနိုင်မှု

ရရှိနိုင်သော အသုံးအဆောင်ပစ္စည်းများမှာ အမျိုးအမည် အလွန် များပြားစုံလင်ပြီး၊ သင့်အတွက် အကိုက်ညီဆုံးရှိသောပစ္စည်း ရှိလိမ့်မည်ဖြစ်ပါသည်။ သင်၏ အလေ့အကျင့်နှင့် အစွမ်းအစများအကြောင်းကို စဉ်းစားပါ။ ၎င်းသည် သင့်အတွက် သင့်မြတ်မှန်ကန်ရာ အသုံးအဆောင်ပစ္စည်းကို ရွေးချယ်ရန် လမ်းညွှန်ပေးရာ၌ အထောက်အကူပြုနိုင်ပါလိမ့်မည်။

သင့်ကိုယ်သင် ပြန်မေးရမည်များမှာ၊

  • အိမ်သာကို ကျွန်ုပ် မည်မျှလွယ်လွယ်ကူကူ အရောက်သွားနိုင်သနည်း။
  • ဂွမ်းဖတ်အကာအကွယ်များကို လဲလှယ်ရန် ကျွန်ုပ်အတွက် မည်မျှလွယ်ကူမှုရှိသနည်း။

4. အသုံးအဆောင်ပစ္စည်းများ ရရှိရေး

အချို့ အသုံးအဆောင်ပစ္စည်းများကို ကုန်ပဒေသာဆိုင်ကြီးများနှင့် ဆေးဆိုင်များ၌ ဝယ်ယူရရှိနိုင်ပါသည်။ အခြားပစ္စည်းများကိုမူ သီးသန့် ဆေးဝါးပစ္စည်း ရောင်းသူများထံမှ ဝယ်ရသည်မှာ ပိုပြီးလွယ်ကူပါသည်။ သင့်မြတ်သော ဆေးဝါးပစ္စည်း ရောင်းသူကို ရွေးချယ်နိုင်ရန် သင့်အနေနှင့် ကျွမ်းကျင်သူ၏ အကူအညီကို လိုအပ်ကောင်းလိုအပ်နိုင်ပါမည်။

National Continence Helpline 1800 33 00 66(တစ်ပြည်လုံးဆိုင်ရာဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း ၁၈၀၀ ၃၃ ၀၀ ၆၆) ကို ဆက်သွယ်ပါ။

၎င်းတို့က သင့်အား အကြံဉာဏ်ပေးနိုင်သကဲ့သို့၊ သင့်အရပ်ဒေသ၌ရှိသော ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးအား ဆက်သွယ်နိုင်သည့် အချက်အလက်ကိုလည်းပေးနိုင်ပါသည်။

5. စွန့်ပစ်မှု

စွန့်ပစ်နိုင်သော အသုံးအဆောင်ပစ္စည်းများ အများစုကို သာမန် အိမ်ထောင်စု အမှိုက်နှင့်အတူ စွန့်ပစ်နိုင်ပါသည်။ ဆီး၊ ဝမ်း ထိန်းပေးသော အသုံးအဆောင်ပစ္စည်းများကို မည်သည့်အခါမျှ အိမ်သာအိုးထဲ စွန့်ပစ်ပြီး ရေဆွဲ မမျှောချသင့်ပါ။

Who pays for continence products?

Continence products can be costly. In most cases you will need to pay for them yourself. If you have permanent and severe incontinence you may be able to get funding to help cover some costs of continence products.

The Continence Aids Payment Scheme (CAPS) may be able to help. You can find out if you are eligible by going to bladderbowel.gov.au.

The Department of Veterans’ Affairs (DVA)

DVA manages the Rehabilitation Appliances Program.

You may get help from DVA if you hold a Gold Card or eligible White Card.

State and Territory Government Services

Some state and territory governments provide services to support people who are incontinent. This support sometimes includes continence products. These services vary between states and territories. Services may include client assessment, education and support.

Assessing if you are eligible to get funding

In most cases you will need to seek help from a health professional.

Contact the National Continence Helpline 1800 33 00 66 to get advice about continence services and support that may be available to you.

ဆီး၊ ဝမ်း ထိန်းပေးသော အသုံးအဆောင်ပစ္စည်း အဖိုးအခကို မည်သူပေးမည်နည်း။

ဆီး၊ ဝမ်း ထိန်းပေးသော အသုံးအဆောင်ပစ္စည်းများ ဈေးကြီးနိုင်ပါသည်။ အခြေအနေအများစု၌ သင် ငွေကုန်ကျခံရန် လိုအပ်ပါလိမ့်မည်။ အကယ်၍ သင့်၌ အမြဲတမ်းအတွက်ဖြစ်ပြီး ပြင်းထန်သော ဆီးနှင့်ဝမ်း ချုပ်ထိန်းနိုင်မှုပြဿနာ ရှိခဲ့လျှင်၊ ဆီးနှင့်ဝမ်း ထိန်းပေးရာ အသုံးအဆောင်ပစ္စည်းများ ကုန်ကျစရိတ် အချို့အဝက်ကို ထောက်ပံ့ကူညီပေးရန် ရန်ပုံငွေ ရရှိကောင်းရရှိနိုင်ပါသည်။

Continence Aids Payment Scheme – CAPS (ဆီးနှင့်ဝမ်း ချုပ်ထိန်းနိုင်ရေး အထောက်အကူပစ္စည်းများ အတွက် ပေးငွေ စီမံချက်) အရ သင် အကူအညီ ရရှိကောင်းရရှိနိုင်ပါမည်။ သင့်အနေနှင့် အရည်အချင်း ပြည့်မီမှု ရှိ၊ မရှိကို သိရန် bladderbowel.gov.au ၌ကြည့်ပါ။

စစ်ပြန်စစ်မှုထမ်းဟောင်းများရေးရာဌာန DVA

DVA သည် ပြန်လည်ထူထောင်ပေးခြင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အစီအစဉ်ကို စီမံအုပ်ချုပ်ပါသည်။

အကယ်၍သင့်ထံ၌ Gold Card (ရွှေကတ်ပြား) သို့မဟုတ် အရည်အချင်းပြည့်မီသော White Card (ကတ်ပြားအဖြူ) ရှိလျှင် DVA ထံမှ အကူအညီရရှိကောင်းရရှိနိုင်ပါသည်။

ပြည်နယ်နှင့် နယ်မြေ အစိုးရ ဝန်ဆောင်မှုများ

အချို့သော ပြည်နယ်နှင့် နယ်မြေ အစိုးရများသည် ဆီး၊ ဝမ်း မထိန်းနိုင်ကြသူများကို ဝန်ဆောင်မှုများ ပေးပါသည်။ ဤအထောက်အပံ့တွင် တစ်ခါတစ်ရံ ဆီး၊ ဝမ်း ထိန်းပေးသော အသုံးအဆောင်ပစ္စည်းများ ပါပါသည်။ ဤဝန်ဆောင်မှုများသည် ပြည်နယ်များနှင့် နယ်မြေများ တစ်ခုနှင့်တစ်ခုအကြား ကွာခြားမှုများရှိပါသည်။ ဝန်ဆောင်မှုများထဲ၌ ဝန်ဆောင်မှုရသူကို စိစစ်ပေးခြင်း၊ ပညာပေးခြင်းနှင့် အထောက်အပံ့ပေးခြင်းတို့ ပါဝင်နိုင်ဖွယ်ရှိပါသည်။

သင့်အနေနှင့် ရန်ပုံငွေရရှိရန် အရည်အချင်းပြည့်မီမှု ရှိ၊ မရှိကို စိစစ်ပေးခြင်း

အခြေအနေအများစု၌ သင်သည် ကျန်းမာရေးအတတ်ပညာရှင်တစ်ဦးထံမှ အကူအညီတောင်းရန် လိုအပ်ပါလိမ့်မည်။

ဆီး၊ ဝမ်း ထိန်းခြင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် အထောက်အပံ့များကို သင် ရရှိနိုင်မည့်အကြောင်းနှင့် ပတ်သက်သည့် အကြံဉာဏ်ကို ရရှိရန် National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ၌ ဆက်သွယ်ပါ။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • health.gov.au/bladder-bowel

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • health.gov.au/bladder-bowel

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020