Browse and download our factsheets in Burmese

Women who have even just one baby are nearly three times more likely to leak urine and wet themselves, than women who have not had a baby. The more babies you have, the more chance you will leak urine and wet yourself.ကလေး မမွေးဖူးသော အမျိုးသမီးများထက်စာလျှင် ကလေးတစ်သီးသာ မွေးခဲ့သော အမျိုးသမီးများ၌ ဆီးထွက်ကျပြီး စိုရွှဲကုန်သည့် ဖြစ်နိုင်ခြေမှာ သုံးဆနီးပါး ပိုများပါသည်။ သင် ကလေး ပိုမွေးလေ၊ သင့်ထံ၌ ဆီးထွက်ကျပြီး စိုရွှဲကုန်သော ဖြစ်နိုင်ခြေ ပိုများလေဖြစ်ပါသည်။

Why do you leak urine after having a baby?

The baby stretches the nerves and pelvic floor muscles that keep the bladder shut as it moves through the birth canal. It is rare for the bladder itself to be damaged during birth but the muscles and nerves are often over stretched. The muscles can sometimes be left weak and cannot keep all the urine in the bladder. The bladder then leaks. Leaking happens mostly when you cough, sneeze, lift or do exercise. You may feel a strong urge to empty your bladder. You may also have trouble holding on. You need to do pelvic floor muscle training to help the muscles get strong again.

ကလေးမွေးပြီးနောက် အဘယ်ကြောင့် ဆီးထွက်ကျရသနည်း။

ကလေးသည် မွေးလမ်းကြောင်းတစ်လျှောက် ရွေ့လျောသွားသည်နှင့်အမျှ၊ ဆီးအိမ်ကို စေ့ထားပေးသော အာရုံကြောများနှင့် တင်ပါးဆုံခွက်ကြွက်သားများကို ကျယ်သွားစေပါသည်။ ကလေးမွေးနေခိုက် ဆီးအိမ် ထိခိုက်ပျက်စီးမှုမှာ ရှားပါးသော်လည်း ကြွက်သားများနှင့် အာရုံကြောများသည် အများအားဖြင့် ကျယ်သွားတတ်ပါသည်။ တစ်ခါတစ်ရံ ကြွက်သားများကို အားနည်း ကျန်ရစ်စေပြီး ဆီးအိမ်ထဲ၌ ဆီးရည်အားလုံးကို သိမ်းမထားနိုင်တော့ပါ။ ထိုအခါ ဆီးအိမ်မှ ဆီးယိုထွက်ပါတော့သည်။ သင် ချောင်းဆိုးလျှင်၊ နှာချေလျှင်၊ ပင့်မလျှင် သို့မဟုတ် လေ့ကျင့်ခန်းလုပ်လျှင် ယိုထွက်ခြင်း အများဆုံးဖြစ်ပါသည်။ ဆီးသွားလိုလွန်းသော စိတ်ရှိကောင်းရှိပါလိမ့်မည်။ သင် ဆီးအောင့်ထားရန်လည်း ခက်ခဲနိုင်လိမ့်မည်။ သင့် ကြွက်သားများ ပြန်လည် အားကောင်းလာရန် တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်းကို လုပ်ရန်လိုအပ်ပါသည်။

Will this leaking go away by itself?

Leaking will not go away if you just ignore it. Train your pelvic floor muscles to help get their strength back. Then the leaking is likely to stop. You may start wetting yourself if you do not get your pelvic floor muscle strength back after each baby. This gets even worse as the pelvic floor muscles get weaker with age.

ဆီးထွက်ကျမှုသည် သူ့ဘာသာသူ ပျောက်သွားလိမ့်မည်လား။

အကယ်၍ သင် ဂရုမစိုက်ဘဲ နေခဲ့လျှင် ဆီးထွက်ကျမှု ပျောက်ကင်းသွားလိမ့်မည်မဟုတ်ပါ။ ကြွက်သားများ ပြန်လည် အားကောင်းလာရန် သင့် တင်ပါးဆုံခွက်ကြွက်သားများကို လေ့ကျင့်ပေးပါ။ သို့မှသာ ဆီးထွက်ကျမှု ရပ်တန့်သွားဖွယ်ရှိပါသည်။ အကယ်၍ သင် ကလေးတစ်ကြိမ်မွေးပြီးတိုင်း သင့် တင်ပါးဆုံခွက်ကြွက်သားများ ပြန်လည် အားကောင်းလာရန် မလုပ်ပေးလျှင် သင့်၌ ဆီးထွက်ကျမှု စတင်ဖြစ်လာပါလိမ့်မည်။ အသက်ကြီးလာသဖြင့် တင်ပါးဆုံခွက်ကြွက်သားများ ပိုမို အားလျော့နည်းလာသည်နှင့်အမျှ၊ ဤအခြေအနေမှာ ပိုဆိုးလာပါလိမ့်မည်။

How does my bladder work?

The bladder is a hollow muscle pump. It fills slowly with urine from the kidneys. The urethra (urine tube) is kept closed by a ring of muscle called a sphincter. When the bladder holds 300-400 mls of urine, you get the urge to pass urine. When you sit on the toilet, the sphincter and pelvic floor muscles relax. Then the bladder squeezes the urine out. After this, the same ‘fill and empty’ cycle begins again.

ကျွန်ုပ်၏ ဆီးအိမ် မည်ကဲ့သို့ အလုပ်လုပ်သနည်း။

ဆီးအိမ်သည် ခေါင်းပွ ကြွက်သား အရည်စုပ်စက်တစ်ခုဖြစ်ပါသည်။ ကျောက်ကပ်ထဲမှ ဆီးရည်များသည် ဆီးအိမ်ထဲ၌ တဖြည်းဖြည်း ပြည့်လာပါသည်။ ဆီးလမ်းကြောင်း (ဆီးပြွန်)ကို ညှစ်ကြွက်သားဟုခေါ်သော ကြွက်သားကွင်းတစ်ခုက ညှပ်ပိတ်ပေးထားပါသည်။ ဆီးအိမ်သည် ၃၀၀ မှ ၄၀၀ မီလီလီတာ ရှိသော ဆီးရည်ကို သိမ်းထားပြီဆိုလျှင်၊ သင် ဆီးသွားချင်စိတ် ဖြစ်လာပါလိမ့်မည်။ သင် အိမ်သာအိုးအပေါ် ထိုင်လိုက်သောအခါ၌၊ ညှစ်ကြွက်သားနှင့် တင်ပါးဆုံခွက်ကြွက်သားများ ဖြေဖျော့လာကြပါသည်။ ထိုနောက်ပိုင်းတွင် ဆီးအိမ်သည် ဆီးရည်ကို ညှစ်ထုတ်ပစ်ပါသည်။ ဤကိစ္စပြီးသွားလျှင် (ဖြည့်ခြင်းနှင့် သွန်ခြင်း) သံသရာသည် ဤပုံစံအတိုင်း ပြန်လည်စတင်ပါသည်။

What do my pelvic floor muscles do?

Look at the picture of the pelvic floor. The pelvic floor muscles:

  • lift the bladder.
  • squeeze around the vagina and the rectum (back passage).
  • help to hold the bladder, the uterus (womb) and bowel (colon) in their proper place.

Pelvic Floor Muscle

ကျွန်ုပ်၏ တင်ပါးဆုံခွက်ကြွက်သားများ မည်သည့်အလုပ်များကို လုပ်ပေးသနည်း။

တင်ပါးဆုံခွက်၏ ပုံကိုကြည့်ပါ။ တင်ပါးဆုံခွက်ကြွက်သားများသည် အောက်ပါတို့ကို လုပ်ပေးပါသည်။

  • ဆီးအိမ်ကို ပင့်တင်ပေးပါသည်။
  • သာအိမ်လမ်းကြောင်းနှင့် စအိုဝ (နောက်ဖက်အပေါက်လမ်းကြောင်း) ပတ်လည်ကို ညှစ်ပေးပါသည်။
  • ဆီးအိမ်၊ သားအိမ်နှင့် အူသိမ် (အူမ) တို့ကို သူတို့၏ ပုံမှန်နေရာမှာနေနေရန် ကူညီထိန်းပေးပါသည်။

Pelvic Floor Muscle

What happens if my pelvic floor muscles are weak after having my baby?

Any of the following things might happen. You might:

  • leak urine when you cough, sneeze, lift, laugh or do exercise.
  • not be able to control passing wind.
  • often feel a strong and urgent need to empty your bladder or bowel.
  • not have good support for your bladder, your uterus or your bowel.

Pelvic organ prolapse

Without good support one or more of your pelvic organs might sag down into your vagina. This is called pelvic organ prolapse. Prolapse is very common. It happens to about 1 in 10 women in Australia. Women feel a heaviness, or a bulge or dragging in the vagina. Across the lifespan, 1 in 5 women may require surgery if these symptoms are a bother.

ကျွန်ုပ်၏ တင်ပါးဆုံခွက်ကြွက်သားများသည် ကလေးမွေးပြီးနောက် အားနည်းနေလျှင် ဘာဖြစ်မည်နည်း။

အောက်ပါကိစ္စများအနက် မည်သည့်အရာမဆို ဖြစ်နိုင်ဖွယ်ရှိပါသည်။ သင့်၌ ဖြစ်နိုင်ကောင်းသည်များမှာ၊

  • သင် ချောင်းဆိုးလျှင်၊ နှာချေလျှင်၊ ပင့်မလျှင်၊ ရယ်မောလျှင် သို့မဟုတ် လေ့ကျင့်ခန်းလုပ်သောအခါ ဆီးထွက်ကျမည်။
  • လေမလည်အောင် ချုပ်ထိန်းထားနိုင်မည် မဟုတ်ပါ။
  • ဆီး သို့မဟုတ် ဝမ်းသွားရန် ပြင်းပြပြီး အရေးတကြီးသွားလိုစိတ် မကြာခဏ ပေါ်ပေါက်လိမ့်မည်။
  • သင့် ဆီးအိမ်၊ သားအိမ် သို့မဟုတ် ဝမ်းကို ထိန်းခံပေးနိုင်အား ကောင်းမည် မဟုတ်ပါ။

တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှု

ထိန်းခံပေးနိုင်အား မကောင်းလျှင်၊ သင့် တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခု သို့မဟုတ် တစ်ခုထက်မက သင့် သားအိမ်လမ်းကြောင်းထဲသို့ ညွတ်ကျလာနိုင်ဖွယ်ရှိပါသည်။ ၎င်းကို တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုဟုခေါ်ပါသည်။ လျှောကျမှုသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ သြစတြေးလျားနိုင်ငံတွင် အမျိုးသမီး ၁၀ ဦး အနက် ၁ ဦးခန့်ဖြစ်တတ်ပါသည်။ အမျိုးသမီးများသည် သားအိမ်လမ်းကြောင်းထဲတွင် တစ်ခုခု လေးလံနေသည်၊ သို့မဟုတ် စူထွက်နေသည် သို့မဟုတ် တရွတ်တိုက်ဆွဲနေသည်ဟု ခံစားရပါမည်။ အကယ်၍ ဤရောဂါလက္ခဏာများ ဒုက္ခပေးနေလျှင် အမျိုးသမီး ၅ ဦး အနက် ၁ ဦးသည် သူတို့သက်တမ်းတစ်လျှောက်၌ ခွဲစိတ်ကုသရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။

What can I do to stop these things from happening?

  • train your pelvic floor muscles (we tell you how later).
  • keep good bladder and bowel habits: 
    - eat 2 pieces of fruit and 5 serves of vegetables daily. 
    - do not go to the toilet ‘just in case’. This might reduce how much you hold in your bladder. 
    - make sure your bladder is empty after going to the toilet.
  • protect your pelvic floor muscles when opening your bowels. A good way to sit on the toilet is to put your forearms on your thighs. Then put your feet close to the toilet. Relax your pelvic floor muscles and gently push.
  • keep your weight within the right range for your height and age.

For more information see the brochures: ‘Pelvic Floor Muscle Training for Women’, ‘Overactive Bladder and Urgency’ and ‘Good Bladder Habits for Everyone’.

ဤအရာများ မဖြစ်လာရန် ကျွန်ုပ်မည်ကဲ့သို့ တားဆီးနိုင်သနည်း?

  • သင်၏ တင်ပါးဆုံခွက်ကြွက်သားများကို လေ့ကျင့်ပေးပါ (နည်းလမ်းကို ကျွန်ုပ်တို့ နောက်မှ ပြောပြပါမည်)
  • ဆီးနှင့် ဝမ်းသွားရာ၌ အလေ့အကျင့်ကောင်းများကို လုပ်နေပါ  
    - နေ့စဉ် သစ်သီး ၂လုံးနှင့် ဟင်းသီးဟင်းရွက် ၅ ပုံ စားပါ။ 
    - လိုရမယ်ရ အဖြစ် အိမ်သာ မတက်ပါနှင့်။ ၎င်းသည် သင့်ဆီးအိမ်ထဲ၌ ဆီး ပမာဏ ထိန်းထားနိုင်မှုကို လျော့နည်းသွားစေနိုင်ဖွယ်ရှိပါသည်။ 
    - အိမ်သာတက်ပြီးနောက် ဆီးကုန်ခမ်းသွားရန် သေချာပါစေ။
  • ဝမ်းသွားသောအခါတွင် တင်ပါးဆုံခွက်ကြွက်သားများကို ကာကွယ်စောင့်ရှောက်ပေးပါ။ အိမ်သာအပေါ် ထိုင်သောနည်းကောင်းတစ်ခုမှာ သင့်ပေါင်အပေါ်၌ လက်ဖျံများကို တင်ထားရန်ဖြစ်ပါသည်။ ထို့နောက် သင့်ခြေထောက်များကို အိမ်သာခြေရင်းအနား ကပ်ထားပါ။ သင်၏ တင်ပါးဆုံခွက်ကြွက်သားများကို ဖြေဖျော့လိုက်ပြီး ညင်သာစွာ ညှစ်ပါ။
  • သင့် အရပ်အမောင်းနှင့် အသက်အရွယ်အလိုက် ရှိသင့်ရှိအပ်ရာ အပိုင်းအခြားအတွင်း၌ ကိုယ်အလေးချိန်ကို ထိန်းထားပါ။

နောက်ထပ်အချက်အလက်များအတွက် (အမျိုးသမီးများအတွက် တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်းများ)၊ (အလုပ်လုပ်နေလွန်းသော ဆီးအိမ်နှင့် အရေးတကြီးဖြစ်မှု) နှင့် (လူတိုင်းအတွက် ဆီးအိမ်ဆိုင်ရာ အလေ့အကျင့်ကောင်းများ) စာစောင်များတွင် ကြည့်ပါ။

How can I care for my weak pelvic floor muscles?

The birth of a baby might have stretched your pelvic floor muscles. Any ‘pushing down’ actions the first weeks after the birth might stretch the pelvic floor muscles again. Avoid pushing down on your pelvic floor muscles. This will protect them.

Here are a few ideas to help you.

  • Try to squeeze, lift and hold your pelvic floor muscles before you sneeze, cough, blow your nose or lift.
  • Cross your legs and squeeze them tightly together before each cough or sneeze.
  • Share the lifting of heavy loads.
  • Do not strain when using your bowels.
  • Avoid bouncing exercises.
  • Make your pelvic floor muscles stronger through training.

ကျွန်ုပ်၏ အားနည်းနေသော တင်ပါးဆုံခွက်ကြွက်သားများကို မည်ကဲ့သို့ ကြည့်ရှုစောင့်ရှောက်ရမည်နည်း။

ကလေးမွေးသည့်အတွက် သင့် တင်ပါးဆုံခွက်ကြွက်သားများ ဆန့်ကျယ်သွားနိုင်ဖွယ်ရှိပါသည်။ မီးဖွားပြီးနောက် ပထမအပတ်များ၌ အောက်သို့ ဖိချသော မည်သည့်လှုပ်ရှားမှုမျိုးမဆို တင်ပါးဆုံခွက်ကြွက်သားများကို ထပ်မံ ဆန့်ကျယ်သွားစေနိုင်ပါသည်။ သင်၏ တင်ပါးဆုံခွက်ကြွက်သားများ အပေါ် ဖိချမှု မရှိရန် ရှောင်ရှားပါ။ ၎င်းသည် ကြွက်သားများကို ကာကွယ်ပေးပါလိမ့်မည်။

အောက်ပါအကြံဉာဏ်အချို့သည် သင့်အား အထောက်အကူပြုရန်အတွက်ဖြစ်ပါသည်။

  • သင် နှာမချေမီ၊ ချောင်းမဆိုးမီ၊ နှာမညှစ်မီ၊ သို့မဟုတ် အရာတစ်ခုခုကို မ,မမီ်၊ သင့် တင်ပါးဆုံခွက်ကြွက်သားများကို ညှစ်၍၊ ပင့်တင်ပြီး တောင့်ထားရန် ကြိုးစားပါ။
  • ချောင်းမဆိုးမီ သို့မဟုတ် နှာမချေမီ အခါတိုင်းတွင် သင့်ခြေထောက်နှစ်ခုလုံးကို ကန့်လန့်ဖြတ်ချိတ်ပြီး ခပ်တင်းတင်း ညှစ်ထားပါ။
  • လေးပင်သော ဝန်ထုပ်ဝန်ပိုးများကို အမြဲပင် သူများနှင့်အတူ မ,ပါ။
  • သင် ဝမ်းသွားသည့်အခါ၌ အားစိုက်၊ မညှစ်ပါနှင့်။
  • ခုန်ရသော လေ့ကျင့်ခန်းပုံစံများကို ရှောင်ပါ။
  • သင့် တင်ပါးဆုံခွက်ကြွက်သားများကို လေ့ကျင့်ခန်းလုပ်ပြီး အားပိုရှိလာရန်လုပ်ပါ။

Where are my pelvic floor muscles?

The first thing to do is to find out which muscles you need to train. Here are two things you can try.

  • Sit or lie down with the muscles of your thighs, buttocks and stomach relaxed. Squeeze the ring of muscle around the anus (back passage) as if you are trying to stop passing wind. Now relax this muscle. Squeeze and let go a couple of times to be sure you have found the right muscles. Remember, do not squeeze your buttocks.
  • Try to stop the stream of urine when sitting on the toilet to empty your bladder. Then start your stream again. You can do this to learn which muscles are the right ones to use – but do this only once a week. Your bladder may not empty the way it should if you stop and start your stream too often. You need active pelvic floor muscles to be able to stop your urine flow.

If you do not feel a distinct ‘squeeze and lift’ of your pelvic floor muscles when you try to squeeze, ask for help from your continence physiotherapist or continence nurse advisor. They will help you to get your pelvic floor muscles working the right way.

Even women with very weak pelvic floor muscles can be helped by pelvic floor muscle training.

ကျွန်ုပ်၏ တင်ပါးဆုံခွက်ကြွက်သားများ မည်သည့်နေရာတွင်ရှိသနည်း။

ပထမဆုံး လုပ်ရမည်မှာ သင် မည်သည့်ကြွက်သားများကို လေ့ကျင့်ပေးရန် လိုအပ်သည်ကို သိရှိရန်ဖြစ်ပါသည်။ အောက်ပါ နှစ်ခုသောအရာများကို သင် စမ်းကြည့်နိုင်ပါသည်။

  • သင့် ပေါင်တံများ၊ ဗိုက်သားနှင့် တင်ပါးကြွက်သားများကို ဖြေဖျော့ထားပြီး ထိုင်လိုက်ပါ သို့မဟုတ် လှဲချလိုက်ပါ။ သင် လေမလည်မိရန် ချုပ်ထိန်းသည့်အလား သင့် စအိုဝ (နောက်ဖက်အပေါက်လမ်းကြောင်း) ပတ်လည်ရှိ စက်ဝိုင်းပုံစံကြွက်သားကို ညှစ်ပါ။ ထို့နောက် ဤကြွက်သားကို ဖြေဖျော့လိုက်ပါ။ မှန်ကန်သော ကြွက်သားများကို သင်သိရှိပြီဟု သေချာသည်အထိ အကြိမ်အနည်းငယ် ညှစ်လိုက်၊ လျှော့လိုက် လုပ်ကြည့်ပါ။ သင့်တင်ပါးများကို မညှစ်မိရန် သတိပြုပါ။
  • သင် အိမ်သာထဲ၌ ဆီးသွားရန် ထိုင်သောအခါ၌ ဆီးရည် စီးဆင်းနေမှုကို ရပ်တန့်သွားရန် ကြိုးစားပါ။ ထို့နောက် ပြန်လည် ဆီးသွားပါ။ သင် ဤသို့လုပ်ခြင်းအားဖြင့် မည်သည့်ကြွက်သားများကို အသုံးပြုရာ၌ မှန်ကန်သည်ကို သဘောပေါက်လာပါလိမ့်မည်။ သို့သော်လည်း ၎င်းကို တစ်ပတ်၌ တစ်ကြိမ်သာ လုပ်ပါ။ အကယ်၍ သင်သည် ဆီးရည် စီးဆင်းနေမှုကို ရပ်လိုက်၊ လွှတ်လိုက် လုပ်လွန်းလျှင်၊ သင့်ဆီးအိမ် ကုန်စင်သင့်သလောက် ကုန်စင်သွားလိမ့်မည်မဟုတ်ပါ။ သင်၏ ဆီး စီးဆင်းမှု စွမ်းအား ရပ်တန့်နိုင်စွမ်းရှိရန် သင့်၌ ထိရောက်မှုရှိသော တင်ပါးဆုံခွက်ကြွက်သားများရှိရန် လိုအပ်ပါသည်။

အကယ်၍ သင် ညှစ်ရန် ကြိုးစားသောအခါ သင့် တင်ပါးဆုံခွက်ကြွက်သားများကို သိသိသာသာကြီး ညှစ်ပြီး မပင့်တင်နိုင်ဘူးလို့ ထင်ရလျှင်၊ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးဆီမှာ အကူအညီတောင်းပါ။ သူတို့က သင့် တင်ပါးဆုံခွက်ကြွက်သားများ နည်းလမ်းကျကျ အလုပ်လုပ်လာရန် သင့်ကို ကူညီပေးပါလိမ့်မည်။

တင်ပါးဆုံခွက်ကြွက်သားများ အလွန် အားယုတ်နေကြသော အမျိုးသမီးများကိုပင် တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်း အစီအစဉ်နှင့် ကူညီပေးနိုင်ပါသည်။

How do I do pelvic floor muscle training?

Now that you can feel the pelvic floor muscles working, you can:

  • Squeeze and draw in the muscles around your anus (back passage) and vagina at the same time. Lift them UP inside. Feel a sense of lift each time you squeeze your pelvic floor muscles. Hold them strong and tight as you count to 8. Then, let them go and relax. You should have a distinct feeling of letting go.
  • Repeat the squeeze and lift and letting go. It is best to rest for about 8 seconds in between each lift up of the muscles. If you can’t hold for 8, just hold for as long as you can.
  • Repeat this squeeze and lift as many times as you can. Try to aim for between 8 and 12 squeezes.
  • Try to do three sets of 8 to 12 squeezes each, with a rest in between. A training program is three sets of up to 8 to 12 squeezes.
  • Do your whole training program each day. Try sets while lying down, sitting or standing.
  • Use ‘the knack’. This is when you brace your pelvic floor muscles by squeezing up and holding each time before you cough, sneeze or lift anything.

While doing pelvic floor muscle training:

  • do not hold your breath.
  • only squeeze and lift.
  • do not tighten your buttocks.
  • keep your thighs relaxed.

တင်ပါးဆုံခွက်ကြွက်သားများ၏ လေ့ကျင့်ခန်းကို ကျွန်ုပ် မည်ကဲ့သို့ လုပ်ရမည်နည်း။

ယခု သင့် ကြွက်သားများ အလုပ်လုပ်နေပြီကို သတိမူမိသည့်နောက်၊ သင် အောက်ပါတို့ကို လုပ်နိုင်ပါသည်။

  • သင့် စအိုဝ (နောက်ဖက်အပေါက်လမ်းကြောင်း) နှင့် သားအိမ်လမ်းကြောင်း ပတ်လည်ရှိ ကြွက်သားများကို တစ်ချိန်တည်း၌ ညှစ်ပြီး ဆွဲသွင်းပါ။ ကြွက်သားများကို အတွင်းထဲ၌ အပေါ်ကို ပင့်တင်ပါ။ သင့် တင်ပါးဆုံခွက်ကြွက်သားများကို ညှစ်သည့်အခါတိုင်း ပင့်တက်လာသည်ကို ခံစားကြည့်ပါ။ သင် ၁ မှ ၈ ကိန်းဂဏန်းအထိ ရေတွက်ရင်း၊ ကြွက်သားများကို အားပြင်းစွာနှင့် တင်းကျပ်စွာ ထိန်းထားပါ။ ထို့နောက် ကြွက်သားများကို ဖြေလျှော့ချလိုက်ပါ။ စက္ကန့်အနည်းငယ်ကြာအတွက် ဖြေဖျော့ပြီး အနားယူပါ။ သင့်၌ သိသာထင်ရှားသော ဖြေလျှော့လိုက်နိုင်မှု ရှိသင့်ပါသည်။
  • ညှစ်ခြင်း၊ ပင့်တင်ခြင်းနှင့် ဖြေလျှော့ခြင်းတို့ကို ထပ်ပြီးလုပ်ပါ။ ကြွက်သားများကို ညှစ်သည့်အခါတွင် တစ်ခုနှင့်တစ်ခုအကြား ၈ စက္ကန့်ကြာ အနားယူခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ အကယ်၍သင် ၈ စက္ကန့်ကြာ မတောင့်ထားနိုင်လျှင်၊ သင်တတ်နိုင်သလောက်အတွက်သာ အောင့်ထားပါ။
  • ဤသို့ ညှစ်ခြင်းနှင့် ပင့်တင်ခြင်းတို့ကို သင်တတ်နိုင်သမျှ အကြိမ်ပေါင်းများစွာလုပ်ပါ။ တတွဲစီ၌ ၈ ကြိမ် မှ ၁၂ ကြိမ်အထိ လုပ်နိုင်ရန် ရည်ရွယ်ပါ။
  • ၈ ကြိမ်မှ ၁၂ ကြိမ်အထိလုပ်လျှင် တစ်တွဲဟူသော သတ်မှတ်ချက်နှင့်အညီ၊ အတွဲတစ်ခုနှင့်တစ်ခုအကြား၌ အနားယူပြီး သုံးတွဲ လုပ်ရန် ကြိုးစားပါ။ လေ့ကျင့်ရေးအစီအစဉ်၌ ၈ ကြိမ် မှ ၁၂ ကြိမ်အထိလုပ်ရသော အတွဲ သုံးတွဲဖြစ်ပါသည်။
  • သင်၏ လေ့ကျင့်ရေးအစီအစဉ်တစ်ခုလုံးကို နေ့စဉ်လုပ်ပါ။ ၎င်းတို့ကို လှဲနေစဉ်၊ ထိုင်နေစဉ်၊ သို့မဟုတ် မတ်တတ်ရပ်နေစဉ် စမ်းလုပ်ကြည့်ပါ။
  • (အထာ) ကို သုံးပါ။ ၎င်းသည် သင် ချောင်းမဆိုးမီ်၊ နှာမချေမီ် သို့မဟုတ် အရာတစ်ခုခုကို မ,မမီ်၊ အခါတိုင်း၌ သင်၏ တင်ပါးဆုံခွက်ကြွက်သားများကို ညှစ်ပြီး တောင့်ထားခြင်းအားဖြင့် တောင့်ခံထားခြင်းဖြစ်ပါသည်။

တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်း လုပ်နေခိုက်၊

  • အသက်အောင့် မထားပါနှင့်။
  • ညှစ်ပြီး ပင့်တင်ခြင်းကိုသာ လုပ်ပါ။
  • သင့် တင်ပါးများကို တင်း မထားပါနှင့်။
  • သင့်ပေါင်တံများကို ဖြေဖျော့ထားပါ။

Do your pelvic floor muscle training well

Fewer hard squeezes are better than a lot of half-hearted ones. Ask for help from your continence physiotherapist or continence nurse advisor if you are not sure you are doing the squeezes right.

Seek help if you do not see a change in symptoms after 3 months.

သင့် တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်းကို နည်းမှန်လမ်းမှန်လုပ်ပါ

အားပြင်းပြီး အကြိမ်နည်းပါးသော ညှစ်ခြင်းများသည် စိတ်မပါ တပါလုပ်သော ညှစ်ခြင်းများကို များစွာ ပြုလုပ်ခြင်းထက် ပိုကောင်းပါသည်။ အကယ်၍ သင် နည်းလမ်းကျကျ ညှစ်နေမှန်း မသေချာလျှင်၊ သင်၏ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးထံမှ အကူအညီတောင်းပါ။

အကယ်၍ ၃ လ ကြာပြီးနောက် သင့်ရောဂါလက္ခဏာ သက်သာမှုမရှိလျှင် အကူအညီတောင်းပါ။

Make the training part of your daily life

Once you have learnt how to do pelvic floor muscle squeezes, do them often. Every day is best. Give each set of squeezes your full focus. Make a regular time to do your pelvic floor muscle squeezes. This might be when you:

  • go to the toilet.
  • wash your hands.
  • have a drink.
  • change the baby.
  • feed the baby.
  • have a shower.

It’s a good idea to get into the lifelong habit of doing pelvic floor muscle exercises.

  • do one set every time you go to the toilet.
  • each time after you pass urine or open your bowels.
  • always brace your pelvic floor muscles before you cough, sneeze or lift. This is called having ‘the knack’.

လေ့ကျင့်ခန်းလုပ်ခြင်းမှာ သင်၏ နေ့စဉ်အလုပ်ဖြစ်ပါစေ

တင်ပါးဆုံခွက်ကြွက်သားများ ညှစ်နည်းကို တတ်မြောက်သွားပြီးနောက် မကြာခဏလုပ်ပါ။ နေ့စဉ်လုပ်ခြင်းမှာ အကောင်းဆုံးသာဖြစ်ပါသည်။ ညှစ်သော လေ့ကျင့်ခန်း တစ်တွဲစီကို သင် လုံးဝအာရုံစိုက်ပြီး လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ချိန်ကို ပုံမှန် သတ်မှတ်ထားပါ။ ၎င်းကို သင် အောက်ပါအချိန်အခါများ၌ လုပ်နိုင်ပါသည်။

  • အိမ်သာတက်ခိုက်
  • သင့်လက်များကို ဆေးကြောခိုက်
  • အရည်တစ်ခု သောက်ခိုက်
  • ကလေး အနှီးလဲခိုက်
  • ကလေးနို့တိုက်နေခိုက်
  • ရေချိုးခိုက်တို့ဖြစ်ပါသည်။

တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်းကို တစ်သက်တာလုံးအတွက် လုပ်သွားမည့် အလေ့အကျင့်ဖြစ်သွားရန် လုပ်လျှင် အလွန်ကောင်းပါသည်။

  • သင် အိမ်သာတက်သည့်အခါတိုင်း လေ့ကျင့်ခန်းတစ်တွဲလုပ်ပါ။
  • ဆီး၊ ဝမ်း သွားပြီးသည့်အခါတိုင်း လုပ်ပါ။
  • သင် ချောင်းမဆိုးမီ်၊ နှာမချေမီ် သို့မဟုတ် အရာတစ်ခုခုကို မ,မမီ်၊ သင့် တင်ပါးဆုံခွက်ကြွက်သားများကို တောင့်ခံထားပါ။ ၎င်းကို (အထာ) သုံးခြင်းဟု ခေါ်ပါသည်။

If things do not get any better after 6 months seek help

Speak to your doctor if any of the following problems are not getting better:

  • any leaking of urine.
  • the need to rush to get to the toilet to pass urine.
  • the need to rush to the toilet to open your bowels.
  • not being able to hold on when you want to.
  • not being able to control passing wind.
  • burning or stinging inside when you pass urine.
  • having to strain to start the flow of urine.

Pelvic floor muscle damage may take up to six months to get better. You should speak to your doctor, continence physiotherapist or continence nurse advisor if things are not any better after six months.

အကယ်၍ ၆ လ ကြာပြီးနောက် အခြေအနေများ မတိုးတက်လာလျှင် အကူအညီတောင်းပါ

အောက်ပါ မည်သည့်ပြဿနာမဆို တိုးတက်လာသည်ကို မတွေ့ရလျှင် သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။

  • ဆီးထွက်ကျခြင်း
  • ဆီးသွားရန် အိမ်သာကို အပြေးအလွှားသွားရန် လိုအပ်ခြင်း
  • ဝမ်းသွားရန် အိမ်သာကို အပြေးအလွှားသွားရန် လိုအပ်ခြင်း
  • မိမိ လိုအပ်သောအခါ၌ မထိန်းထားနိုင်ခြင်း
  • လေမလည်ရန် မထိန်းထားနိုင်ခြင်း
  • သင်ဆီးသွားသောအခါတွင် အတွင်းထဲ၌ လောင်ခြင်း သို့မဟုတ် စပ်ခြင်း
  • ဆီး စတင်စီးဆင်းရန် ညှစ်ရခြင်းတို့ဖြစ်ပါသည်။

တင်ပါးဆုံခွက်ကြွက်သား ထိခိုက်ပျက်စီးမှု ပြန်လည်ကောင်းမွန်လာရန် ၆ လအထိ ကြာမြင့်ကောင်း ကြာမြင့်နိုင်ပါသည်။ ၆ လကြာပြီးနောက် အခြေအနေများ တိုးတက်လာမှု မရှိလျှင် သင်သည် သင့် ဆရာဝန်၊ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးနှင့် တွေ့ဆုံပါ။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020